၁၂-၆-၂၀၂၆ ရက်၊ နံနက် ၀၉:၃၀ နာရီအချိန်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ လွိုင်ကော်မူလတန်းကြိုကျောင်းခန်းမ၌ “မြန်မာအမျိုးသမီးများနေ့” အထိမ်းအမှတ် အကြိုလှုပ်ရှားမှု ရပ်ရွာအခြေပြုပန်းအလှပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ကယားပြည်နယ်အမျိုးသမီးရေးရာအဖွဲ့၊ နာယကနှင့် ဥက္ကဋ္ဌ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးကော်မတီဝင်များ၊ သင်တန်းသူများ စုစုပေါင်း (၄၀) ဦး တက်ရောက်ခဲ့ပါသည်။

သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ အမျိုးသမီးများ၏ စွမ်းပကား အရည်အသွေးမြှင့်တင်နိုင်ရေး၊ မိမိကိုယ်ကိုယုံကြည်မှုရရှိစေရေး၊ မိမိ မိသားစုအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိစေရေးနှင့် မိမိတို့ရပ်ရွာအတွင်း ပွဲလမ်းသဘင်အခမ်းအနားများတွင် မိမိတို့ တတ်ကျွမ်းသော ပညာရပ်များဖြင့် အလှဆင်နိုင်ခြင်းတို့ဖြစ်ပါသည်။



နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR