မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ကြီးမှူး၍ မော်လမြိုင်ခရိုင်၊ အမျိုးသမီးကော်မတီဝင်များအား ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုနှင့် တိုင်ကြားမှုယန္တရားအား ပြည်သူသို့အသိပညာပေးခြင်းသင်တန်းကို (၂၃.၈.၂၀၂၃) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စုမြတ်နွယ်က Joint Communique ၏နောက်ခံအချက်အလက်များ၊ ကော်မတီဖွဲ့စည်းထားရှိမှုများ၊ လုပ်ငန်းကော်မတီ၏ တာဝန်ဝတ္တရားများ၊ အကြမ်းဖက်ခံရသော Survivour များအား လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ခံဆောင်ရွက်ချက်များ၊ ပြည်သူများမှ တိုင်ကြားနိုင်သည့် နည်းလမ်းများကို Power Point ဖြင့် အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အသိပညာပေးသင်တန်းကို နံနက် (၁၁:၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။အဆိုပါသင်တန်းသို့ မော်လမြိုင်ခရိုင် အမျိုးသမီးကော်မတီဝင်များ၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများ၊ စုစုပေါင်း ၂၅ ဦး တက်ရောက်ခဲ့ကြပါသည်။
နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄
ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
၀၄ စက်တင်ဘာ ၂၀၂၄
လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း
၂၉ ဇူလိုင် ၂၀၂၄
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ (မန္တလေး)
၂၄ ဇူလိုင် ၂၀၂၄