၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်မျာနေ့ အခမ်းအနားကို နံနက် (၁၀:၃၀) နာရီ အချိန်တွင် မွန်ပြည်နယ် အစိုးရအဖွဲ့ရုံး၏ ဦးဆောင်မှုဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ 

အဆိုပါအခမ်းအနားတွင် ဘိုးဘွားများအား ပြည်နယ်လူမှုဝန်ထမ်းရုံးမှ နံနက်စာ အာဟာရ တာဝန်ယူကျွေးမွေးခြင်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက နှုတ်ခွန်းဆက် အမှာစကားပြောကြားပြီး တက်ရောက်လာကြသော ဧည့်သည်တော်များက ဘိုးဘွားများအား ကန်တော့ချိုးဖြင့်ကန်တော့ခြင်း၊ အလှူငွေနှင့် ပစ္စည်းများ ဂါရဝပြုလှူဒါန်းခြင်းများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ဘိုးဘွားများ ကိုယ်စား အဘိုး (၁) ဦးနှင့် အဘွား (၁) ဦး တို့က ဆုတောင်းမေတ္တာများပြန်လည်ပို့သခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် မွန်ပြည်နယ်အတွင်း အသက်အကြီးဆုံးဘိုးဘွား (၂) ဦးအား မွန်ပြည်နယ် လူမှုဝန်ထမ်းရုံးမှ တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် လိုက်လံ၍ ဂါရဝပြုကန်တော့ခဲ့ပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်နယ် / ခရိုင် / မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ မြို့မိ / မြို့ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ စုစုပေါင်းအင်အား  (၃၀၀)ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။ ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့တွင် ဘိုးဘွား (၁၀၂) ဦးအတွက် အလှူငွေနှင့်ဂါရဝပစ္စည်းတန်ဖိုး ကျပ် ၂၀၁,၀၉,၀၀ဝိ/- (နှစ်ရာတစ်သိန်းကိုးထောင်တိတိ) အား လှူဒါန်းခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းဦးဆောင်သော မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံးနှင့် ကလေးပြုစုရေးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ နိုင်ငံတော်အလံ အလေးပြုခြင်း အခမ်းအနား
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကလေးများ သင်တန်းကျောင်းတွင် INDIA MYANMAR FRIENDSHIP PROJECT GROUP မှ ဆောက်လုပ်လှူဒါန်းသော အဆောက်အဦ ဆောက်လုပ်ပြီးစီးမှုအား တိုင်းဒေသကြီးဦးစီးမှုးမှ ကွင်းဆင်းစစ်ဆေးခြင်း
မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးမှူးရုံးမှကြီးမှူး၍ မန္တလေးမြို့၌ဖွင့်လှစ်သော “အထူးဂရုပြု စောင့်ရှောက်ရန် လိုအပ်သောကလေးများအား ပြုစုစောင့်ရှောက်ပုံ နည်းစနစ်သင်တန်း”
မန္တလေးတိုင်းဒေသကြီး ဦးစီးမှူး ဦးသက်လှိုင်ထွန်းမှ တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု နှင့်ဝန်ဆောင်မှုရေးရာကော်မတီ(၈/၂၀၂၅)အစည်းအဝေးမှတ်တမ်းကောက်နုတ်ချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြား
မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးသွားသော ဒေး၀န်းမူလတန်းကြိုကျောင်း၏ ယာယီကျောင်းဆောင် အဆောက်အဦ ဆောက်လုပ်နေမှု အခြေအနေအား တိုင်းဒေသကြီး ဦးစီးမှူးကွင်းဆင်းစစ်ဆေး

MOS

DSW

DDM

DOR