ပဲခူးတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးတွင် ၁၂.၁.၂၀၂၆ ရက်က “လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှု သင်တန်း” ကိုစတင်ဖွင့်လှစ်ခဲ့ပြီး ၁၆.၁.၂၀၂၆ ရက်တွင် သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို သင်တန်းသား (၃၀) ဦး တက်ရောက်ခဲ့ပြီး ၁၂.၁.၂၀၂၆ ရက် နံနက် ၀၉:၀၀ နာရီ မှ ၁၂:၀၀ နာရီထိ လူမှုဝန်ထမ်းလုပ်ငန်းများကို ဒေါ်သန္တာထွေး၊ ညွှန်ကြားရေးမှူးက  ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပြီး၊ နေ့လယ် ၁၃:၀၀ မှ ၁၆:၀၀ နာရီထိ UNCRC, Child Rights Law ကို ဒေါ်ဝါဝါဝင်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပါသည်။

ဆက်လက်ပြီး ၁၃.၁.၂၀၂၆ ရက်တွင် ၀၉:၀၀  နာရီမှ  ၁၂:၀၀ နာရီ ထိ Child Protection နှင့် နေ့လယ် ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ ကျား/မ အခြေပြုအကြမ်းဖက်သဘောတရားများ၊ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ပုံစံများကို ဒေါ်သန္တာထွေး၊ ညွှန်ကြားရေးမှူးက လည်းကောင်း၊ ၁၄.၁.၂၀၂၆ ရက်တွင် လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအကြောင်း SOP/ Intakeက  နံနက် ၀၉:၀၀ နာရီမှ  ၁၂:၀၀ နာရီ ထိ ဒေါ်ဝါဝါဝင်းကျော်၊ ဒုတိယညွှန်ကြားရေးမှူးကလည်းကောင်း၊ နေ့လယ် ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ Assessment Pratic Forms & Tools  ကို ဒေါ်နွယ်နီလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေးသင်ကြားပို့ချပေးခဲ့ပါသည်။

  ၁၅.၁.၂၀၂၆ ရက်တွင် နံနက် ၀၉:၀၀ နာရီမှ ၁၂:၀၀ နာရီ ထိ Planning & Safety Planning လည်းကောင်း၊ နေ့လယ် ၁၃:၀၀ နာရီ မှ ၁၆:၀၀ နာရီထိ Implementing the Case Plan ကို လည်းကောင်း၊ ၁၆.၁.၂၀၂၆ ရက်တွင် နံနက် ၀၉:၀၀ နာရီ မှ ၁၂:၀၀ နာရီ ထိ Follow-Up Monitoring/ Case Closure ကို ဒေါ်နွယ်နီလှိုင်၊ ဒုတိယညွှန်ကြားရေးမှူးက ဆွေးနွေး သင်ကြားပို့ချပေးပြီး နေ့လယ် ၁၃:၀၀ မှ ၁၆:၀၀ နာရီထိ Group Work ပြန်လည်ပြုလုပ်ကြခဲ့ပြီး သင်တန်းဆင်းပွဲအား အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။


နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR