မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူးပြီး ပြည်နယ်အဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲကို (၁၃.၂.၂၀၂၃) ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန် မော်လမြိုင်မြို့၊ ပညာရေးဒီရီကောလိပ်၊ ပညာညီလာခန်းမ၌ ပါမောက္ခဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား/သူ များအား အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာမကြီးမှအဖွင့်အမှာစကားပြောကြားပြီး၊ မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ နောက်ခံသမိုင်းကြောင်း၊ ကလေးသူငယ်အခွင့်အရေးပါ အခန်းကဏ္ဍများ၊ ကလေးသူငယ်များလိုက်နာရမည့်စည်းကမ်းများ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကလေးမွေးစားခြင်းလုပ်ထုံးလုပ်နည်းများ၊ ကလေးသူငယ်ကြီးကြပ်သူ၏တာဝန်ဝတ္တရားများ၊ အခြားနည်းလမ်းဖြင့်လွှဲပြောင်းဆောင်ရွက်ခြင်း၊ အခြားနည်းလမ်းဖြင့်ပြုစုစောင့်ရှောက်ခြင်း၊ ကလေးအလုပ်သမားနှင့်အဆိုးရွားဆုံးပုံစံဖြင့် အလုပ်ခိုင်းစေခြင်းခံရသော ကလေးသူငယ်ကိစ္စရပ်များ၊ ဥပဒေပါအခန်းကဏ္ဍများကို Power Point ဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး ဟောပြောပွဲ အခမ်းအနားကို နံနက်(၁၁:၀၀) နာရီတွင် ရုပ်သိမ်းလိုက်ပါကြောင်းနှင့် အခမ်းအနားသို့ မော်လမြိုင်မြို့၊ ပညာရေးဒီရီကောလိပ်မှ ပါမောက္ခဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား(၁၅၇)ဦး၊ ကျောင်းသူ(၃၇၈) ဦး၊ စုစုပေါင်း(၅၃၅) ဦးအား ဟောပြောခဲ့ပါသည်။



နောက်ဆုံးရသတင်းများ

မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးမှူးရုံး၏ ကြီးကြပ်မှုအောက်ရှိ ဌာနငယ်၊သင်တန်းကျောင်းများသို့ တိုင်းဦးစီးမှူးကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်ဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မုံရွာမြို့၊ ချင်းတွင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

MOS

DSW

DDM

DOR