၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၁၃) ရက်နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ်ဂုဏ်ပြုအကြိုလှုပ်ရှားမှုအဖြစ် ရန်ကုန်တိုင်းဒေသကြီး မူလတန်းကြိုကျောင်းပေါင်းစုံ ဉာဏစွမ်းရည်ပြိုင်ပွဲကို COVID-19 စည်းကမ်းနှင့်အညီ (၉.၂.၂၀၂၂) ရက်နေ့တွင် အမှတ်(၄၇)၊ ဗဟိုလမ်း၊ အလုံမြို့နယ်ရှိ မူလတန်းကြိုကျောင်းအမှတ်(၄) ၌ ကျင်းပခဲ့ရာ မူလတန်းကြိုကျောင်း (၂၄) ကျောင်းတို့မှ သားငယ် (၁၅၀) ဦး၊ သမီးငယ် (၁၇၅) ဦး စုစုပေါင်း (၃၂၅) ဦး တို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အချိန်ခွဲ၍ ကဗျာပြိုင်ပွဲ (အကြီးဆင့်/အငယ်ဆင့်)၊ သီချင်းဆိုပြိုင်ပွဲ (အကြီးဆင့်)၊ ဆေးရောင်ခြယ် ပြိုင်ပွဲ (အကြီးဆင့်/အငယ်ဆင့်)၊ စိတ်ကူးယဉ်ပန်းချီပြိုင်ပွဲ(အကြီးဆင့်/အငယ်ဆင့်)၊ လက်ချောင်းပန်းချီပြိုင်ပွဲ (အကြီးဆင့်/အငယ်ဆင့်)များ ပြုလုပ်ခဲ့ပြီး  ကလေးအားလုံးအား အမှတ်တရဂုဏ်ပြု လက်ဆောင်များချီးမြှင့်ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR