ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သစ်ပုတ်ကုန်းကျေးရွာအုပ်စုရွာသစ်ကုန်းကျေးရွာတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၏လမ်းညွှန်မှုဖြင့် ပုသိမ်မြို့အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ရပ်ရွာအခြေပြုစက်ချုပ်သင်တန်းကို ၆.၆.၂၀၂၂ မှ ၂၅.၆.၂၀၂၂ ရက်နေ့အထိဖွင့်လှစ်ခဲ့ရာ သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ပြီး ယနေ့သင်တန်းဆင်းပွဲပြုလုပ်ခဲ့သည်။

    သင်တန်းဆင်းပွဲတွင် တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးညွှန်ကြားရေးမှုးဒေါ်နော်သဝါးက သင်တန်းဆင်းအမှာစကားပြောကြားပြီးသင်တန်းဆင်းလက်မှတ်များကို တိုင်းဒေသကြီးလူမှုဝန်ထမ်းတိုင်းဦးစီးမှူးနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးဦးတင်စိုးတို့ကပေးအပ်ရာသင်တန်းသူများမှလက်ခံရယူသည်။

    သင်တန်းတွင်ထူးချွန်သူတစ်ဦးအား တိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနမှူးမှ အပ်ချုပ်စက်တစ်လုံးချီးမြှင့်ခဲ့ရာ သင်တန်းသူများကိုယ်စားထူးချွန်ဆုရရှိသူမယွန်းဝေမိုးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR