စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများအား ထောက်ပံ့ကြေးငွေပေးအပ်ပွဲအခမ်းအနားကို (၇-၂-၂၀၂၂) ရက်နေ့၌ စစ် ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ချင်းတွင်းခန်းမတွင် ကျင်းပခဲ့ရာ တက်ရောက်သူစုစုပေါင်း (၇၄)ဦး တက်ရောက်ခဲ့ပါသည်။ ထိုအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနက ထောက်ပံ့နေသည့် အခြေအနေများကို စစ်ကိုင်းတိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူးက ရှင်းလင်းပြောကြား ပြီးနောက် တက်ရောက်လာကြသော လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ (၁၁) ခု၊ မသန်စွမ်းဂေဟာ   (၁) ခု၊ ဘိုးဘွားရိပ်သာ (၆) ခု၊ အမျိုးသမီးဂေဟာ (၂) ခု စုစုပေါင်းဂေဟာ (၂၀) ခု အတွက် ထောက်ပံ့ငွေ (၅၃,၁၄၀,၅၀၀) နှင့် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း (၅၆) ကျောင်းအတွက် ဆရာမထောက်ပံ့ ငွေနှင့် သင်ထောက်ကူပစ္စည်း ထောက်ပံ့ငွေကျပ် (၂၀,၇၂၀,၀၀၀) စုစုပေါင်း (၇၃,၈၆၀,၅၀၀) ကျပ်အား ထောက်ပံ့ကြေးပေးအပ်ခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR