မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှကြီးမှူး၍ (၂၈.၁၂.၂၀၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေ အသိပညာပေးဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် မွန်ပြည်နယ်လူမှုဝန်ထမ်းရုံး၊ ညွှန်ကြားရေးမှူး ဒေါ်လဲ့ယဉ်ဝင်းမှ သက်ကြီးရွယ်အိုများဆိုင်ရာ ဥပဒေနှင့်နည်းဥပဒေပါ အခန်းများ၊ ဘိုးဘွားရိပ်သာများမှ ဆောင်ရွက်ရမည့်တာဝန်များကို Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းရာ ပြည်နယ်လူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူးမှ ပြန်လည်ဖြေကြားပြီး နိဂုံးချုပ်စကားပြောကြားကာ ဆွေးနွေးပွဲကို မွန်းတည့် (၁၂:၀၀) နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အဆိုပါ ဆွေးနွေးပွဲသို့ ဘိုးဘွားရိပ်သာများမှ ကြီးကြပ်မှုကော်မတီဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များမှကိုယ်စားလှယ်များ၊ INGOs, NGO အဖွဲ့အစည်းတို့မှတာဝန်ရှိသူများ စုစုပေါင်းအင်အား (၃၅)ဦး တက်ရောက်ခဲ့ကြပါသည်။
နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄
ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
၀၄ စက်တင်ဘာ ၂၀၂၄
လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း
၂၉ ဇူလိုင် ၂၀၂၄
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ (မန္တလေး)
၂၄ ဇူလိုင် ၂၀၂၄