ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံးမှကြီးမှူး၍ ခရိုင်/ မြို့နယ်၊ ဌာနငယ်/ သင်တန်းကျောင်းနှင့် မူလတန်းကြိုကျောင်းများ၏ စုပေါင်းမဟာဘုံကထိန်အလှူပွဲကို (၄.၁၁.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီးလူမှုဝန်ထမ်းရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထို့နောက် သက်ကြီးရွယ်အိုများနေ့ပိုင်းစောင့်ရှောက်ရေးဂေဟာ၊ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်း၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမှတ် (၄) မူလတန်းကြိုကျောင်း၊ အမှတ် (၅) မူလတန်းကြိုကျောင်း၊ တောင်ဥက္ကလာပမူလတန်းကြိုကျောင်း၊ မြောက်ဥက္ကလာပမူလတန်းကြိုကျောင်းနှင့် သုံးခွ (ပျဉ်းမကန်) မူလတန်းကြိုကျောင်းများတွင်လည်းကောင်း၊ ဘုံကထိန်ပွဲများ အသီးသီးကျင်းပပြုလုပ်ခဲ့ကြပါသည်။ ထို့အပြင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာန၊ ထောက်ကြန့်အမျိုးသမီးကလေးများသင်တန်းကျောင်း၊ အမျိုးသမီးကလေးများသင်တန်းကျောင်း (ရန်ကုန်) ၊ ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်း၊ သုဝဏ္ဏမူလတန်းကြိုကျောင်း၊ သာကေမူလတန်းကြိုကျောင်းများတွင်လည်း ကျောင်းအလိုက် တန်ဆောင်တိုင်နိဗ္ဗာန်ဈေး ပွဲတော်များအား ကျင်းပပြုလုပ်ခဲ့ကြပါသည်။




နောက်ဆုံးရသတင်းများ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်း အဆိုးဆုံးရွားပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံး၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများ၊ ပုဂ္ဂလိကမူလတန်းကြို ကျောင်းများ၏ တည်ထောင်ခွင့်ပြုမိန့် သက်တမ်းတိုးနှင့် တည်ထောင်ခွင့်ပြုမိန့်များပေးအပ်ခြင်း အခမ်းအနား

MOS

DSW

DDM

DOR