တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ကျောင်းအခြေပြုစက်ချုပ်သင်တန်း(၇/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီလ(၁၈)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ထားဝယ်မြို့၊ အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ သင်တန်းသူများအနေဖြင့် သင်တန်းမှရရှိသောပညာရပ်များကို အမျိုးသမီးများ၏ဘဝရပ်တည်မှု၊ ကိုယ်ပိုင်ဝင်ငွေ၊ မိသားစုဝင်ငွေများကို တစ်ပိုင်တစ်နိုင်ရရှိမှုတွင် အထောက်အကူပြုမှာဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေသူများအတွက်လည်း များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး တာဝန်ရှိသူများက သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ပါသည်။ ထို့နောက် သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ တက်ရောက်လာကြသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသူများက သင်တန်းသူများချုပ်လုပ်ထားသော ဝတ်စုံများအား လိုက်လံကြည့်ရှု့အားပေးခဲ့ကြပါသည်။
နောက်ဆုံးရသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အသိပညာပေးဟောပြောပွဲ
၁၀ စက်တင်ဘာ ၂၀၂၄
ဧရာဝတီတိုင်းဒေသကြီး သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီအစည်းအဝေး
၀၉ စက်တင်ဘာ ၂၀၂၄
ကလေးသူငယ်အသိပညာပေး ဟောပြောပွဲ (ဧရာဝတီတိုင်းဒေသကြီး)
၀၄ စက်တင်ဘာ ၂၀၂၄
လူမှုရေးပညာဘာသာရပ် အထောက်အကူပြုသင်တန်းဖွင့်လှစ်ခြင်း
၂၉ ဇူလိုင် ၂၀၂၄
အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲ (မန္တလေး)
၂၄ ဇူလိုင် ၂၀၂၄