၃၁-၃-၂၀၂၆ ရက် ၊ နေ့လည် (၂:၀၀) နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ၊ ပုသိမ်ကြီး မြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ကြီးမှူး၍ အမျိုးသမီးရေးရာအဖွဲ့နှင့် ပူးပေါင်းပြုလုပ်ကျင်းပ သည့် ရပ်ရွာအခြေပြု စက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားအား ကျင်းပခဲ့ရာ အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၏ဇနီး၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယကကြီး ဒေါ်မမနှင့် တိုင်းအဆင့်အမျိုးသမီးရောရာ ဥက္ကဋ္ဌနှင့်အဖွဲ့အဝင်များ၊ ပုသိမ်ကြီးမြို့နယ် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စမ်းသီတာနိုင်၊ မန္တလေးအိမ်တွင်းမှု သက်မွေးသက်မွေး အတတ်သင်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စောယုသွယ်တို့ တက်ရောက်ခဲ့ပါသည်။

          အခမ်းအနားတွင် ထူးချွန်ဆုရရှိသူ အမျိုးသမီးငယ်အား လူမှုဝန်ထမ်းဦးစီးဌာနမှ အပ်ချုပ်စက် တစ်လုံးဆုချီးမြှင့်၍ ပထမ၊ ဒုတိယ၊ တတိယဆုများကို တိုင်းဒေသကြီး အမျိုးသမီးရေးရာ နာယကကြီး ဒေါ်မမနှင့် ဥက္ကဋ္ဌဒေါ်မီမီစိုး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ အသီးသီးဆုများပေးအပ် ချီးမြှင့်ခဲ့ပြီး သင်တန်းသူများ ချုပ်လုပ်ထားသည် လက်ရာများကို လှည့်လည်ကြည့်ရှု့အားပေးခဲ့ကြပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR