၂၀၂၆ ခုနှစ်၊ ဧပြီလ(၁၇)ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်၊ နေ့လည် (၁၂:၃၀) နာရီတွင် ကယားပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားအား လွိုင်ကော်မြို့၊ သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် ဇနီး၊ ကယားပြည်နယ်လွှတ်တော်ဥက္ကဌနှင့် ကယားပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဘေးစီမံရုံးမှဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၂၅၀) ဦးခန့်တက်ရောက်၍ အခမ်းအနားသို့ ကန်တော့ခံတက်ရောက်လာသော လွိုင်ကော်မြို့နယ်အတွင်းရှိ ဘိုးဘွား (၈၀)ဦးတို့အား ကန်တော့ချိုးဖြင့် ကန်တော့ပြီးနောက် ဘိုးဘွားများအား ဝန်ကြီးချုပ်နှင့်ဇနီးမှလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဌနှင့်ဇနီးမှလည်းကောင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများမှလည်းကောင်း  လှူဖွယ်ပစ္စည်းများဖြင့်  ပူဇော်ကန်တော့ပြီး‌နောက် ကန်တော့ခံတက်ရောက်လာသော ဘိုးဘွားများ၏ ကိုယ်စားအဘိုး (၁)ဦးမှ ကျေးဇူးတင်စကား ပြောကြားခြင်းနှင့် မေတ္တာပို့သခြင်းများ ပြုလုပ်ပြီးနောက် ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဌတို့မှ ဘိုးဘွားများအား ရင်းနှီးခင်မင်စွာဖြင့် မိတ်ဆက်ခဲ့ပြီး အခမ်းအနား အား နေ့လည်( ၀၁:၃၀ ) နာရီအချိန်တွင်  အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါသည်။အခမ်းအနားသို့ တက်ရောက်လာကြသော ဘိုးဘွားများအား ပူတင်းနှင့်အိုဗာတင်း တိုက်ကျွေးခဲ့ကြပြီး တာဝန်ရှိသူများမှ ကျန်းမာရေးစောင့်ရှောက်စစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။

နောက်ဆုံးရသတင်းများ

နေပြည်တော်ကောင်စီဝင်က စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ထောက်ပံ့ကြေးပေးအပ်ခြင်းနှင့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ရှင်းလင်းခြင်းအခမ်းအနား တက်ရောက်ခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ မော်လမြိုင်မြို့နယ်အတွင်းရှိ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများအား အယ်လ်နီညိုနှင့် အပူဒဏ်ကာကွယ်ရေးသိကောင်းစရာများ ထပ်ဆင့်အသိပညာပေး ဟောပြောပွဲ ကျင်းပခြင်း
မွန်ပြည်နယ်လူမှုဝန်ထမ်းရုံးနှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ အယ်လ်နီညို နှင့်အပူဒဏ်ကာကွယ်ရေး သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကျင်းပခြင်း
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးလူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ မြသလ္လာခန်းမတွင် ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အခမ်းအနား ကျင်းပခြင်း

MOS

DSW

DDM

DOR