မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး (၁/ ၂၀၂၂) ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေး ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားရာ “ မသန်စွမ်းသူများ၏ လုပ်ငန်း ကော်မတီကို ၂၀၁၈ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ယခင်က အစည်းအဝေး စုစုပေါင်း(၆)ကြိမ် ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယနေ့အစည်းအဝေး (၁/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးမှာ သတ္တမ အကြိမ် အစည်းအဝေး ဖြစ်ပါကြောင်း၊ ၂၀၂၁ခုနှစ်တွင် ကိုဗစ်-၁၉ကပ်ရောဂါ အခြေအနေကြောင့် အစည်းအဝေး အခမ်းအနားများကိုမပြုလုပ်နိုင်ခဲ့သော်လည်း လုပ်ငန်းကော်မတီ၏ လုပ်ငန်း များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ (၈.၁၀.၂၀၂၁) ရက်နေ့တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီက အမိန့် ကြော်ငြာစာအမှတ် (၃/၂၀၂၁) ဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်း ကော်မတီကို ပြင်ဆင် ဖွဲ့စည်းပေးခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကို ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးအပ်ခဲ့ ပါကြောင်း၊ ယခု လုပ်ငန်းကော်မတီအစည်းအဝေးကို အောင်မြင်စွာကျင်းပပြီးစီးပါကလည်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ဆက်လက်တင်ပြ ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ ယနေ့ ကျင်းပသော မသန်စွမ်းသူများ၏ အခွင့်အရေးများ ဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းတာဝန်များကို ပိုမိုအကောင်အထည်ဖော်ဆောင် ရွက်ရန် ဆပ်ကော်မတီ (၉) ခုကို ဖွဲ့စည်းထားရှိပြီး မိမိတို့ အခန်းကဏ္ဍအလိုက် လုပ်ငန်း တာဝန်များကို ဆောင်ရွက် လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ တရား မျှတမှုနှင့် တန်းတူညီပါဝင်နိုင်ရေးများကို ပိုမိုဆောင်ရွက်နိုင်ရန်အတွက် အမျိုးသားအဆင့် မဟာဗျူဟာ (၅) နှစ်စီမံကိန်းကိုလည်း မကြာမီ အတည်ပြုပြဋ္ဌာန်းနိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့အစည်းအဝေးတွင် အတည်ပြုနိုင်ရေးကိုလည်း ဝိုင်းဝန်း အကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ တစ်ဆက်တည်းမှာပဲ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများအတွက် ရှေ့ပြေးစီမံကိန်း (Pilot Project) (၄) မြို့နယ်ဖြစ်သော ပုဗ္ဗသီရိမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ညောင်လေးပင် မြို့နယ်နှင့် ဘားအံမြို့နယ်များတွင် (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ်များတွင် အကောင်အထည် ဆောင်ရွက်ရန်ရှိပါကြောင်း၊ (၂၀၁၇) ခုနှစ်မှ (၂၀၁၉) ခုနှစ်အထိ မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဆောင်ရွက်ချက်များကို စုစည်းပြီး ပထမအကြိမ် နှစ်ပတ်လည်အစီရင်ခံစာကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေနိုင်ခဲ့ပြီး (၂၀၂၀) ပြည့် နှစ်၊ ဇန်နဝါရီလမှ ၂၀၂၁ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ချက်များကို ဒုတိယအကြိမ် နှစ်ပတ်လည်အစီရင်ခံစာအဖြစ် ယခုနှစ် မတ်လအတွင်း ထုတ်ဝေနိုင်ရေးကို ပြင်ဆင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွင်း မသန်စွမ်းသူဦးရေ (၃၆၇၁၂)ဦးကို ငွေကျပ် (၁,၁၀၂,၁၆၅,၀၀၀)ကို ထောက်ပံ့ပေးနိုင်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအတွင်း CERP အစီအစဉ်အရ နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မသန်စွမ်းသူများနှင့် အနာကြီးရောဂါခံစားနေရသူ စုစုပေါင်း (၂၁၄၇၂၀) ဦး အတွက် ငွေကျပ်(၆,၇၃၆,၀၀၀,၀၀၀) ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (၆) လကာလတွင် ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်များရှိ မသန်စွမ်းသူဦးရေ (၅၅၁၃) ဦးအတွက် ငွေကျပ် (၁၆၅,၅၅၀,၀၀၀) ကို လည်း ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါကြောင်း၊ မသန်စွမ်းသူများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာ့ ဝန်ထမ်းနှင့် ပရဟိတ အဖွဲ့အစည်းများကို မသန်စွမ်းသူများအား ကူညီပြုစုစောင့်‌ရှောက်ရေးနှင့် ဆိုင်သော သင်တန်းများပေးခြင်း Psychosocial Support သင်တန်းများပေးခြင်း၊ Quarantine Center များတွင် ခေတ္တ နေထိုင်ရသော မသန်စွမ်းသူများအား ထောက်ပံ့ကူညီမှုများပေးခြင်းနှင့် နိုင်ငံတော်အစိုးရ ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မသန်စွမ်းသူများကို ဦးစားပေးအုပ်စုတစ်ခုအဖြစ် ထိုးနှံပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်စပ် ဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် ကဏ္ဍအလိုက် အရှိန်အဟုန်မပြတ် ဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ဝိုင်းဝန်းအကြုံပြုဆွေးနွေးပေးကြရန် ” တိုက်တွန်း ပြောကြားခဲ့ပါသည်။


 ဆက်လက်၍ မသန်စွမ်းသူများ၏ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဖြစ်သူ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ကိုဗစ်-၁၉ ရောဂါကူးစက် ရောဂါဖြစ်ပွားနေသည့် အချိန် ကာလဖြစ်သော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရဆိုသော မူဝါနှင့်အညီ မသန်စွမ်းသူများအတွက် အဖက်ဖက်မှ အလေးထား ဆောင်ရွက်ပေးနေပြီး ရေရှည် အထောက်အကူပြုနိုင်မည့် လုပ်ငန်းအစီအစဉ်တွေကို ညှိနှိုင်းဆွေးနွေးနိုင်ရန် ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအနေဖြင့် မသန်စွမ်းသူများ၏ လူမှုဘဝရေရှည် ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုတိုးတက်ကောင်းမွန်စေရန်အတွက် အလေး ထားပြီး ဝိုင်းဝန်အကြုံဆွေးနွေးပေးကြစေလိုပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေး များဆိုင်ရာ လုပ်ငန်းစဉ်များကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင်ဖို့ လိုအပ်ပြီး မကြာမီကျင်းပမည့် အမျိုးသားကော်မတီအစည်းအ‌ဝေးအတွက်လည်း ကြိုတင်ပြင်ဆင် ကြရန်လည်း တိုက်တွန်းပြောကြားခဲ့ပါသည်။


 ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ ယခင် အစည်းအဝေးများ၏ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားရှိမှု အခြေ အနေကို ပြန်လည်ထူထောင်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်မိုးက လည်းကောင်း မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ (၅) နှစ် စီမံကိန်း  (မူကြမ်း) ကို ထိခိုက်လွယ်အုပ်စုများဌာနခွဲ၊ ညွှန်ကြားရေးမှူး ဦးစည်သူဝင်းကလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာကြသော တာဝန်ရှိသူများနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ဝိုင်းဝန်းအကြုံပြု ဆွေးနွေးအတည်ပြု ခဲ့ကြပါသည်။


 ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ အစည်း အဝေး (၁/၂၀၂၂)၏ လျာထားအစည်းအဝေးဆုံးဖြတ်ချက်များကို ပြန်လည်ထူထောင်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်က  ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများက ညှိနှိုင်းအကြုံပြု ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR