လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင် ခြင်းသင်တန်းကို ၈-၁၂-၂၀၂၅ ရက်နေ့၊ နံနက် (၉:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အင်းစိန်မြို့နယ်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်၊ ဘဏ္ဍာရေးမှူး ဦးမျိုးသန့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပြည်ထောင်စုဥပဒေအထောက်အကူပေးရေးအဖွဲ့၊ အဖွဲ့ဝင် ဦးအုန်းခိုင်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးပို့ချခဲ့ပါသည်။ ထို့နောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန(ရုံးချုပ်) မှ တာဝန်ရှိသူများက မသန်စွမ်းမှုအဆင့်သတ်မှတ် ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်များ၊ ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူ များမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မသန်စွမ်းသူမှတ်ပုံတင်ထားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းမှုဆိုင်ရာဝေါဟာရ အသုံးအနှုန်းများ၊ ဆောင်ရန်၊ ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်၊ အသက်အရွယ်အလိုက် အကဲဖြတ်မေးခွန်းလွှာ (၅) စုံအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ 

အထက်ပါသင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ၊ ပြည်ထောင်စု ဥပဒေအထောက်အကူပေးရေးအဖွဲ့မှ အဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအသင်းဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး မသန်စွမ်းမှုအဆင့် သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကို သင်တန်းကာလနှစ်ရက်ကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။


နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေး
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR