၁။      ၂၇.၄.၂၀၂၂ ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့ရှိ အာဆီယံဒေသတွင်း မိုင်းရှင်းလင်းရေးဗဟိုဌာန (ARMAC) ရုံးချုပ်၌ ကျင်းပခဲ့ သည့် 18th Meeting of the  Steering Committee  အစည်းအဝေးအား Video Conferencing စနစ်ဖြင့် ARMAC ၏  အလှည့်ကျဉက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ သံမှူးကြီး ဒေါ်ဧသန္တာ၊ ဒုတိယအတွင်းဝန် ဒေါ်အေးသန္တာစိုးတို့နှင့်အတူ ARMAC ၏ Steering Committee ဝင်များဖြစ် သော လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်မြင့်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှ ဒုတိယဗိုလ်မှူးကြီး ထင်အောင်ကျော်တို့က Video Conferencing ဖြင့် နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ပါသည်။

၂။         အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ၊ ဦးဆောင်လမ်းညွှန် ကော်မတီဝင်ကိုယ်စားလှယ်များ၊ အာဆီယံဒေသတွင်း မိုင်းရှင်းလင်း‌ရေးဗဟိုဌာန (ARMAC) မှ Mr. Prum Suonpraseth (Executive Director, ARMAC) နှင့် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။

၃။         အစည်းအဝေးတွင် ၂၀၂၂ခုနှစ်၊ ဇူလိုင်လအတွင်း ARMAC ၏ အထူးစည်းအဝေး ကျင်းပရန်၊ ARMAC ၏ TOR နှင့် Mid-Term Review တို့ကိုဆောင်ရွက်ရန်၊ ARMAC ၏ လက်ရှိ ဖွဲ့စည်းပုံကို ပြင်ဆင်သုံးသပ်ရန်၊ ARMAC ၏ ငွေကြေးအထောက်အပံ့တို့ကို ကောင်းမွန်စေရန် ဆွေးနွေးအတည်ပြု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေး
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR