မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၄) ကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့တွင် ပြင်ဆင်ဖွဲ့စည်းထား ပြီးနောက် အမျိုးသားကော်မတီအစည်းအဝေးကို ယခုပထမဆုံးအကြိမ် ကျင်းပပြုခြင်းဖြစ်ပါကြောင်း၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို (၈-၈-၂၀၂၄) ရက်နေ့တွင် အောင်မြင်စွာကျင်းပခဲ့ပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် မသန်စွမ်းသူများ၏ အခွင့် အရေးများဆိုင်ရာကော်မတီအစည်းအဝေးများအား ပုံမှန်ခေါ်ယူကျင်းပရန်နှင့် လုပ်ငန်းဆောင်ရွက် ချက်များအား အမျိုးသားကော်မတီသို့ စုစည်းတင်ပြပေးရန်ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ် ခံစားရသည့် မသန်စွမ်းသူများအားကူညီထောက်ပံ့ပေးနိုင်ရေး၊ ပြန်လည်ထူထောင်ပေးနိုင်ရေးတို့ အတွက် လိုအပ်သောအထောက်အကူပြုပစ္စည်းများ ပြင်ဆင်ထားရှိရန်လိုအပ်ပါကြောင်း၊ မသန်စွမ်းမှု အဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား စီမံကိန်းမြို့နယ် (၁၉)ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိမြို့နယ်အားလုံးကို လွှမ်းခြုံနိုင်စေရေး အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မသန်စွမ်းအသင်းအဖွဲ့များ မှတ်ပုံတင်ရာတွင် အသေးစိတ်စိစစ်နိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများမှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများဖြင့် Task Force ဖွဲ့စည်းပြီး SOP(မူကြမ်း) ရေးဆွဲနိုင်ရေး ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ တတိယအကြိမ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာကို မကြာမီဖြန့်ဝေသွားမည်ဖြစ်ပြီး စတုတ္ထအကြိမ် နှစ်ပတ်လည်အစီရင်ခံစာ ထုတ်ဝေနိုင်ရေးအတွက်လည်း ဝန်ကြီးဌာနများအနေဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း၊ မသန်စွမ်းသူများအရေးဆောင်ရွက်ရာတွင်လည်း ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ တွဲဖက် အတွင်းရေးမှူး၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး(၁/၂၀၂၃)၏ ဆုံးဖြတ်ချက်များပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ ဒုတိယ ဥက္ကဋ္ဌ(၂)၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌနှင့် အမျိုးသားကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ နေပြည်တော်ကောင်စီနှင့်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက In Person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်တို့ရှိ လူမှုရေးရာဝန်ကြီးများက Video Conferencing စနစ်ဖြင့်လည်းကောင်း တက်ရောက်ခဲ့ ကြပြီး ဝိုင်းဝန်းအကြုံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR