လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာန၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)၌  စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၄)  သင်တန်းဆင်းပွဲကို  ယနေ့ စက်တင်ဘာလ (၆)ရက်၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ‌အောင်မြေသာစံမြို့နယ်၊ ၇၃ လမ်း၊ ၁၀ လမ်းနှင့် ၁၂  လမ်း ကြားရှိ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင်ရေးစခန်း(မန္တလေး)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခိုင်ခိုင်ဦးက မူးယစ်ဆေးဝါးဆိုသည်မှာ လူတစ်ဦး တစ်ယောက်ချင်းစီ၏ ဆင်ခြင်တုံတရား၊ ကာယအား၊ ဉာဏအား စသည်တို့ကို ဖျက်စီးပစ်နိုင်စွမ်းရှိရုံ သာမက နိုင်ငံတော်၏  လူ့စွမ်းအားအရင်းအမြစ် ကို ခြိမ်းခြောက်ဖျက်ဆီးပစ်နိုင်သည့် အန္တရာယ် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် မူးယစ်ဆေးဝါးအန္တရာယ်ကို စိုးထိတ်လျက်ရှိကြပြီး မူးယစ် ဆေးဝါးတားဆီးကာကွယ်ရေးဥပဒေများပြဋ္ဌာန်းပြီး အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊ မူးယစ် ဆေးဝါးအန္တရာယ်ဟာ ယနေ့ခေတ် လူငယ်၊ လူရွယ်များ၏ ပညာရေး၊ ကျန်းမာရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ စိတ်ပိုင်းဆိုင်ရာများကိုပါ ထိခိုက်ဖျက်ဆီးလျက်ရှိပါကြောင်း၊ ဒီလိုအန္တရာယ်ရှိသည့် မူးယစ်ဆေးဝါး များကို ကျွန်တော်တို့အားလုံးရဲ့ပတ်ဝန်းကျင်တွင် လျော့နည်းပပျောက်သွားရန် ဆောင်ရွက်ကြိုးပမ်း သွားကြရန်မှာ အားလုံးရဲ့တာဝန်ပင်ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်များနှင့် ပတ်သက်၍ ပြည်သူလူထုပိုမိုသိရှိနိုင်စေရန်အတွက် အသိပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက် ပေးခြင်း၊ မူးယစ်ဆေးဝါး၏ အကျိုးဆက်များကို ပြည်သူလူထုမှ သိရှိနားလည်ပြီး မူးယစ်ဆေးဝါး ထိန်းချုပ်ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်လာမှသာ မူးယစ်ဆေးဝါးသုံးစွဲမှုလျော့နည်းပပျောက်မည် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအောင်မြင်လာသည်နှင့်အမျှ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု၏ အကျိုးရလဒ်ကို ပြည်သူများမှခံစားရရှိနိုင်မည် ဖြစ်ပါကြောင်း၊ စခန်းအခြေပြုပြန်လည်ထူထောင်ရေးသင်တန်းသို့ တက်ရောက်ခဲ့သည့် သင်တန်းသား များအနေဖြင့်လည်း သင်တန်းဆင်းပြီးနောက် မိမိရပ်ရွာသို့ ပြန်လည်ရောက်ရှိချိန်တွင် စခန်းမှ သင်ကြားပို့ချပေးလိုက်သော စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးနည်းလမ်းများကို လိုက်နာကျင့်သုံး၍ စိတ်သစ်၊ လူသစ်၊ ဘဝသစ်သို့ တက်လှမ်းကြပါဟု တိုက်တွန်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းသား(၁)ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

              သင်တန်းဆင်းပွဲအခမ်းအနားတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ယာယီလက်ခံ စောင့်ရှောက်ရေးဂေဟာ(မန္တလေး)၊ မန္တလေး လူငယ်သင်တန်းကျောင်းအမှတ်(၁၇)မူးယစ်အထူးတပ်ဖွဲ့စု၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါးသုံးစွဲမှု ပပျောက်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်ဘဏ္ဍာရေးမှူး၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း(MANA)၊ သတင်းနှင့်မီဒီယာများ၊ မူးယစ်ဆေးဖြတ်ပြီးသူများပြန်လည်ထူထောင် ရေးစခန်း(မန္တလေး)မှ အရာထမ်း/အမှုထမ်းများ၊ သင်တန်းသားများ စုစုပေါင်း(၃၈)ဦးခန့် တက်ရောက် ခဲ့ပြီး ဆင်းပွဲအခမ်းအနားကို နံနက်(၁၁:၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ


MOS

DSW

DDM

DOR