လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင် ရေးဦးစီးဌာနမှ ဦးစီးကျင်းပသည့် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင် ခြင်းသင်တန်းကို ယနေ့ နံနက် (:၃၀) နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်းတွင် ရန်ကုန်တိုင်းဒေသကြီး ဥပဒေဆိုင်ရာအထောက်အကူပေးရေး အဖွဲ့ဝင် ဒေါ်စန်းစန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးပို့ချခဲ့ပြီး ပြန်လည်ထူထောင်ရေးဦးစီးဌာန (ရုံးချုပ်)မှ လက်ထောက် ညွှန်ကြားရေးမှူးက ဦးစီးဌာန၏ရည်ရွယ်ချက်များနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ မှတ်ပုံတင်ထားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မှတ်ပုံတင်ခြင်းမေးခွန်းလွှာများနှင့် ပတ်သက်၍ အဖွင့်အမှာစကား ရှင်းလင်းပြောကြားခဲ့ပြီးနောက် သင်တန်းတွင် ကုလသမဂ္ဂမသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာသဘောတူစာချုပ်၊ မသန်စွမ်းမှုဆိုင်ရာဝေါဟာရအသုံးအနှုန်းများ၊ ဆောင်ရန်၊ ရှောင်ရန်နှင့်လိုက်နာရမည့်အချက်များ၊ မှတ်ပုံတင်ခြင်းလုပ်ငန်းအဆင့်ဆင့်၊ အသက်အရွယ်အလိုက် အကဲဖြတ်မေးခွန်းလွှာ () စုံအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

အထက်ပါသင်တန်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအသင်းဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များတက်ရောက်ခဲ့ပြီး မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းတို့ကို အုပ်စုလိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့ဆောင်ရွက်ခြင်းတို့ကို သင်တန်းကာလနှစ်ရက်ကြာဆောင် ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအား ကြည့်ရှုအားပေး
မသန်စွမ်းသူများကိုယ်တိုင် ဆန္ဒမဲပေးနိုင်ရေး အသိပညာပေးခြင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက် လက်တွေ့စမ်းသပ်အသုံးပြုခြင်း အခမ်းအနားရန်ကုန်မြို့တွင် ဆောင်ရွက်
မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းအား ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့နယ်နှင့် သနပ်ပင်မြို့နယ်တို့တွင် ကွင်းဆင်းဆောင်ရွက်

MOS

DSW

DDM

DOR