(၁) လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးရုံးအဖြစ် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊
(၂) လူကုန်ကူးခံရသူများအား ယာယီလက်ခံစောင့်ရှောက်ရေးဂေဟာများဖွင့်လှစ် နိုင်ရေး သက်ဆိုင်ရာအစိုးရအဖွဲ့များ၊ ဌာနများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက် ခြင်းနှင့်ဂေဟာရှိဝန်ဆောင်မှုများတိုးတက်ကောင်းမွန်ရေးအတွက် မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ အနိမ့်ဆုံးစံသတ်မှတ်ချက်များအား ဖော်ထုတ်ခြင်း၊ ပြန်လည်ပြင်ဆင်ခြင်း၊
(၃) လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ(၅)နှစ်စီမံကိန်းများနှင့် လုပ်ငန်းစီမံချက်များ အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းရေးဆွဲခြင်းနှင့်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊
(၄) ဘဏ္ဍာရေးနှစ်အလိုက် တိုးချဲ့ဆောင်ရွက်မည့် လုပ်ငန်းများအား အမျိုးသားစီမံ ကိန်းများတွင် ထည့်သွင်းရေးဆွဲခြင်းနှင့် ဘတ်ဂျက်လျာထားတင်ပြခြင်း၊
(၅) လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ခြင်းနှင့်ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများနှင့်စပ်လျဉ်းသည့် အချက်အလက်Data များ မှတ်တမ်းထားရှိခြင်းနှင့် လုပ်ငန်းများ ပိုမိုတိုးတက်စေရန်အတွက် လိုအပ်သော သုတေနများ ဆောင်ရွက်ခြင်း၊
(၆) လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံခြင်း၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်း ခြင်းနှင့်ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများဆိုင်ရာ စံလုပ်ငန်းအစီအစဉ်များ၊လမ်းညွှန်ချက်များဖော်ထုတ်ခြင်းနှင့် ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း၊
(၇) လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများအား လူကုန်ကူးမှုတားဆီးကာကွယ် ရေးဗဟိုအဖွဲ့၏ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာဌာနများ၊ အစိုးရမဟုတ်သော လူမှုရေးအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၈) လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ခြင်းလုပ်ငန်းများ၊ လုပ်ငန်းစဉ် များ၊ လုပ်ငန်းစီမံချက်များအား ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၊ အဖွဲ့ဝင်နိုင်ငံများနှင့်ပူပေါင်းဆောင်ရွက်ခြင်း၊
(၉ ) မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင် လက်မှတ်ရေးထိုးထားသော လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာသဘောတူစာချုပ်များနှင့်ကွန်ဗင်းရှင်းများတွင် ပါရှိသော အချက်များအား လိုက်နာအကောင်အထည်ဖော်ဆောင်ခြင်း၊
(၁၀) လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေသည့် ဝန်ဆောင်မှုပေးနေသူများ၏ စွမ်းရည်မြှင့်တင်ခြင်းအစီအစဉ် များကို သက်ဆိုင်ရာဌာနများ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ အစိုးရမဟုတ် သော နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(၁၁) လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုမှ အားသာချက်၊ အားနည်း ချက်များအား နှစ်စဉ်သုံးသပ်လေ့လာစမ်းစစ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း။