ဝန်ဆောင်မှုလုပ်ငန်း

v မိုခါမုန်တိုင်းသင့်သူများအတွက် ပြည်တွင်းအလှူရှင်များ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ပါကစ္စတန်နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံစသည့် နိုင်ငံတကာအစိုးရများနှင့် ASEAN Coordinating Centre for Humanitarian Assistance on Disaster Management (AHA Centre) အပါအဝင် ပြည်ပ အလှူရှင်များက လှူဒါန်းခဲ့သည့် စားသောက်ကုန်၊ လူသုံးကုန်နှင့် အမိုးအကာ စသည့်ပစ္စည်းများကို ရန်ကုန်မှ ရခိုင်သို့ တပ်မတော်လေယာဉ်၊ ရေယာဉ်များဖြင့် လည်းကောင်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနပိုင် ရေယာဉ်များဖြင့်လည်းကောင်း ပေးပို့ခဲ့ပါသည်။

v မုန်တိုင်းတိုက်ခတ်ပြီးနောက် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ် ဘေးသင့်သူများကို ဆန်ရိက္ခာ ထောက်ပံ့နိုင်ရေးအတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ၃၉၁,၅၉၃ အိတ်ကိုလည်းကောင်း၊ ပြည်တွင်း/ ပြည်ပအလှူရှင်များက လှူဒါန်းသည့် ဆန်အိတ်များကိုလည်းကောင်း ပေးပို့ခဲ့ရာ ယနေ့အချိန်အထိ စုစုပေါင်း (၄၂၁,၄၇၈) အိတ် ထောက်ပံ့ခဲ့ပါသည်။

v မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပညာရေး၊ ကျန်းမာရေးနှင့် သာသနိကအဆောက်အဦများ နှင့် အများပြည်သူအဆောက်အဦများ၊ နေအိမ်များပြုပြင်ရန်အတွက် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ဝယ်ယူထောက်ပံ့မှု၊ ပြည်တွင်း/ ပြည်ပအလှူရှင်များ၏ လှူဒါန်းမှုဖြင့် သွပ်(၆၄၂၅၂၈)ချပ်၊ ခေါင်အုပ် (၁၂၀၆၀)ချပ်၊ အိမ်ရိုက်သံ (၇၇.၂၃၂)တန်၊ သွပ်သံ (၆၄.၀၆တန်ကိုလည်းကောင်း၊ အမိုးအကာအဖြစ် အသုံးပြုနိုင်ရေးအတွက် မိုးကာတဲ (၄၄၂၂) လုံး၊ မိုးကာစ(၃၄၄၈ လိပ်၊ ၁၂၅၃ ထုပ်၊ ၂၃၇ )ကို လည်းကောင်း ထောက်ပံ့ခဲ့ပါသည်။

v ရခိုင်ပြည်နယ်အတွင်း မိုးစပါး (၆၇၉၉၇)တင်းနှင့် မျိုးစေ့ထုပ်  (၂၁၂၂၄) ထုပ် ဝယ်ယူထောက်ပံ့ခြင်း၊ ဘေးသင့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်သို့ ထောက်ပံ့ရေးပစ္စည်းများကို ရေယာဉ်၊ လေယာဉ်များနှင့် ပေးပို့ရာတွင် ကုန်ကျသည့် စက်သုံးဆီဖိုးများ၊ မိုးစပါးများကို သက်ဆိုင်ရာမြို့နယ်အသီးသီးသို့ပေးပို့ခြင်း၊ စပါးထွန်ယက်ခြင်းတို့အတွက် သုံးစွဲသည့် စက်သုံးဆီ၊ ချောဆီနှင့် ဒီဇယ်ဆီဖိုးများအတွက် ထောက်ပံ့ခြင်းများအပါအဝင် အခြားသော ပြန်လည်ထူထောင်ရေးနှင့်  ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယနေ့အချိန်အထိ   ပြည်တွင်း/ ပြည်ပ အလှူရှင်များ၏ လှူဒါန်းငွေနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှကျပ်သန်းပေါင်း (၆၈,၈၈၅)ကျော်ကို သုံးစွဲခဲ့ပါသည်။




MOS

DSW

DDM

DOR