ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

 

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများအတွက် ပျဉ်းမနားမြို့၊ ကန်ဦးကျောင်းတိုက်၊မဟာစည်သာသနာ့ ရိပ်သာဆရာတော်၊ ပဓာနနာယက၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တနန္ဒမာလာမှ ငွေကျပ်သိန်း (၁၀၀) ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်လျှောက်ထားကာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ အိုးအိမ်ပြန်လည် ထူ‌ထောင်ရေးအတွက် ရံပုံငွေနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်
ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် နေပြည်တော်ကောင်စီဥက္ကဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ပျဥ်းမနားမြို့နယ် အတွင်းရှိ ရေဘေးသင့်ပြည်သူများသို့ အိုးအိမ်ပြန်လည်ထူ‌ထောင်ရေးအတွက် ရံပုံငွေနှင့် စားသောက် ဖွယ်ရာများထောက်ပံ့ပေးအပ်
အာဆီယံဒေသတွင်း ပေါက်ကွဲစေတတ်သော လက်နက်ပစ္စည်းများ၏ အန္တရာယ်ကြောင့် ထိခိုက်ခံစားနေရသူများအား ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ပေးရေးနှင့် စိတ်ကျန်းမာရေး လိုအပ်ချက်များ အထောက်အပံ့ပေးရေးဆိုင်ရာ အမျိုးသားအဆင့် ညှိနှိုင်းအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်း
တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သော ရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသောဒေသများရှိ အခြေခံပညာကျောင်းများအတွက် ကျောင်းသုံးပရိဘောဂ ပစ္စည်းများနှင့် စာရေးကိရိယာများ လှူဒါန်းခြင်း

MOS

DSW

DDM

DOR