ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်နှင့်အတူတာဝန်ရှိသူများလိုက်ပါလျက် (၁၁-၆-၂၀၂၁)ရက်နေ့မွန်းလွဲပိုင်းတွင်  ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ မင်းရပ် ရပ်ကွက်ရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကျပ်သန်း(၁၀၀)ဖြင့်  “Marked Panorama Co., Ltd” က တင်ဒါအောင်မြင်ဆောက်လုပ်ပြီးစီးခဲ့သော အလျား(၉၀)ပေ၊ အနံ(၃၀)ပေ၊ အမြင့်(၁၈)ပေရှိ Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးအောင်မင်း၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌများ၊ တာဝန်ရှိသူများက သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ခိုလှုံနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေဖြင့်  Cyclone Shelter ဆောက်လုပ်ထားရှိမှုအခြေအနေ၊ ခြံစည်းရိုးကာရန်နိုင်ရေးဆောင်ရွက်ခဲ့မှု ပြုပြင်ထိန်းသိမ်းရေး အတွက် ကြီးကြပ်ဆောင်ရွက်ထားရှိမှု COVID-19 ဒုတိယလှိုင်းဖြစ်ပွားချိန်တွင် Quarantine Center အဖြစ်အသုံးပြုခဲ့မှုအခြေအနေ လက်ရှိတွင်လည်း လူဦးရေ(၂၄)ဦးအထိ Social Distancing ပုံစံဖြင့် Quarantine ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များက Shelter အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဌပြည်ထောင်စုဝန်ကြီးက(၂၇-၅-၂၀၂၁)ရက် နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ(၁/၂၀၂၁) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင်ဆုံးဖြတ်ခဲ့သည့်အတိုင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်ပြီးစီးသည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ Shelter အမျိုးမျိုးအား တိုင်းဒေသကြီး/ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီများ၏ ပုံသေပိုင်ပစ္စည်းစာရင်းသွင်း ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို တိုင်းဒေသကြီး/ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီများက တာဝန်ယူကြီးကြပ်ဆောင်ရွက်သွားရန်နှင့် Shelter များ၏ ဘေးပတ်ဝန်းကျင်တွင် အရိပ်ရ လေကာပင်များအား သင့်တော်သောအကွာအဝေးတွင် စနစ်တကျ ရှင်သန်အောင် ဂရုတစိုက် စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြည်မူလတန်းကြိုကျောင်းသို့ ရောက်ရှိကြရာတာဝန်ရှိသူများက COVID-19 ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း မူလတန်းကြိုကျောင်းများခေတ္တ ပိတ်ထားခဲ့ရာမှ ယခုအခါ Social Distancing ပုံစံဖြင့် ခွင့်ပြုချက်ရရှိသည့်အချိန်တွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ကလေးဦးရေ(၂၃၀)ဆံ့ ပြည်မူလတန်းကြိုကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စာသင်ခန်း၊ ကလေးများ ကစားရာနေရာ၊ သင်ထောက်ကူအသုံးအဆောင်ပစ္စည်းများနှင့် ထမင်းစားခန်းများအား လိုက်လံ ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက မူလတန်းကြိုကျောင်းပြန်လည် ဖွင့်လှစ် နိုင်ရေးသည် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ခြင်းလုပ်ငန်းတွင် အရေးကြီးသည့် လုပ်ငန်း စဥ်တစ်ရပ် ဖြစ်သည့်အတွက်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးသက်ဆိုင်သူအားလုံးအဘက်ဘက်မှ ဝိုင်းဝန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြောင်းသတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR