ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

        လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်သည်  ယနေ့နံနက်ပိုင်းကနေပြည်တော်ရှိအဆိုပါဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Haiအားလက်ခံတွေ့ဆုံ၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကလှူဒါန်းသောအမေရိကန်ဒေါ်လာ(၃)သိန်းအားလက်ခံရယူပါသည်။

     တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးကမိမိတို့ နှစ်နိုင်ငံသည် ရှည်လျားသည့်နယ်နိမိတ်ထိစပ်မှုရှိပြီးသမိုင်းတစ်လျှောက်မှာလည်းချစ်ကြည်ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါကြောင်း၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ပြီးအိမ်နီးချင်းမိတ်ဆွေကောင်းများလည်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးတုံ့ပြန်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံရဲ့ ကူညီဆောင်ရွက်ပေးနေမှုများအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊လတ်တလောတွင်လည်းမဲခေါင်-လန်ချမ်းအစီအစဉ်၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် ရှမ်းပြည်နယ်အတွင်းမြို့နယ်(၅)ခုမှာကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံနှင့် သဘာဝဘေးအသိပညာပေးစင်တာများတည်ဆောက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထုလွတ်လပ်လုံခြုံစွာဖွံ့ဖြိုးတိုးတက်ရေးနှင့် သဘာဝဘေးကိုကြံ့ကြံ့ခံရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိတဲ့ လူ့အသိုက်အဝိုင်းဖြစ်ပေါ်စေရေးလူမှုကာကွယ် စောင့်ရှောက်ရေးနည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာယခုလက်ခံရရှိတဲ့ လှူဒါန်းငွေကိုလည်းကချင်ပြည်နယ်အတွင်းရှိ IDPs စခန်းများမှ အမျိုးသမီးဦးဆောင်သောအိမ်ထောင်စုများကိုသက်မွေးပညာရပ်များသင်ကြားပေးပြီး မတည်ရင်းနှီးငွေပေးအပ်ခြင်း၊ သဘာဝဘေးနှင့်ပတ်သက်၍ မြန်မာ့သဘာဝဘေးတုံ့ပြန်ရေးအဖွဲ့များကိုသင်တန်းပေးဖွဲ့စည်းဆောင်ရွက်လျက်ရှိရာကချင်ပြည်နယ်အတွင်းရှိမြို့နယ်များမှ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များအားနေပြည်တော်တွင် သင်တန်းဖွင့်လှစ်ပို့ချပေးခြင်း၊ မြစ်ကြီးနားမြို့၊ ငွေပျော်စံပြကျေးရွာရှိမူလတန်းကြိုကျောင်းအားကစားကွင်းဆောက်လုပ်ပေးခြင်းစသည့်လုပ်ငန်းများတွင် အသုံးပြုသွားရန် လျာထားပါကြောင်း၊ ရှေ့လုပ်ငန်းစဉ် များတွင်လည်းနေရပ်စွန့်ခွာသူများပြန်လည်လက်ခံရေး၊ လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းများ၊ နေပြည်တော်တွင် လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးအရင်းအမြစ်ဗဟိုဌာနတည်ထောင်ဖွင့်လှစ်နိုင်ရေးလုပ်ငန်းများကိုအကောင်အထည်ဖော် ဆောင်ရွက် သွားမှာဖြစ်ကြောင်းပြောကြားပါသည်။

မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးကတရုတ်နိုင်ငံအစိုးရကိုယ်စားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအတွက်အမေရိကန်ဒေါ်လာ(၃)သိန်း လွှဲပြောင်းပေးအပ်လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုများအတွက် နှစ်စဉ်အမေရိကန်ဒေါ်လာ(၁)သန်းလှူဒါန်းမှုရဲ့ အစိတ်အပိုင်းဖြစ်ပြီးယခုအကြိမ်သည် (၆)ကြိမ်မြောက်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းရေး၊ လူသားချင်းစာနာထောက်ထားရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် မြန်မာနိုင်ငံမြောက်ပိုင်းရှိနေရပ်စွန့်ခွာသူများပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်များတွင် အထောက်အကူပြုနိုင်ရန်ဖြစ်ကြောင်း၊ လှူဒါန်းငွေအပေါ် ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲဆောင်ရွက်နိုင်ပါကြောင်း၊ ဝန်ကြီးဌာနကစီမံလျာထားသည့်လုပ်ငန်းစဉ်(၃)ရပ်မှာသင့်လျော်မှုရှိပါကြောင်းပြောကြားပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကမိမိတို့ဝန်ကြီးဌာနသည် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများကိုအဓိကဆောင်ရွက်လျက်ရှိပြီးယခုလှူဒါန်းငွေကိုလည်းအကျိုးရှိရှိထိထိရောက်ရောက် အသုံးပြုသွားမှာဖြစ်ကြောင်း၊မိမိတို့အနေဖြင့် လူမှုရေးပညာတက္ကသိုလ်တည်ထောင်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်လျက်ရှိရာလိုအပ်သောနည်းပညာများကိုလေ့လာရယူလိုပါကြောင်းနှင့် လှူဒါန်းမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းပြောကြားပါသည်။

ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကိုယ်စားမြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီးမှ  လွှဲပြောင်းပေးအပ်လှူဒါန်းသောအမေရိကန်ဒေါ်လာ(၃)သိန်းအားပြည်ထောင်စုဝန်ကြီးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR