ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်ယနေ့နံနက်ပိုင်းတွင်မန္တလေးတိုင်းဒေသကြီး၊ပုသိမ်ကြီးမြို့နယ်ရှိပုသိမ်ကြီးလူငယ်သင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာကျောင်းအုပ်ကြီးကကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၂၀၁၉အရယောင်္ကျားလေး(၁၆၉)ဦးလက်ခံစောင့်ရှောက်ထားမှုအခြေအနေများကိုရှင်းလင်းတင်ပြပြီးကျောင်းအားလှည့်လည်ရှင်းလင်းပြသခဲ့ပါသည်။

ဒုတိယဝန်ကြီးကအသက်၁၈နှစ်အောက်ကလေးများကိုလက်ခံထားသဖြင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေပါအခြေခံအခွင့်အရေးများဖြစ်သောအသက်ရှင်သန်ခွင့်၊ဖွံ့ဖြိုးတိုးတက်ခွင့်၊ကာကွယ်စောင့်ရှောက်ခံခွင့်၊ပါဝင်ဆောင်ရွက်ခွင့်နှင့်ပညာရေး၊ကျန်းမာရေးအခွင့်အရေးများရရှိရေးဆောင်ရွက်ပေးရန်၊ကလေးသူငယ်တရားရုံးများကပို့အပ်သောကလေးများဖြစ်သဖြင့်ပတ်ဝန်းကျင်အခြေအနေ၊အကျင့်စာရိတ္တ၊ဝါသနာထုံမှုနှင့်ပေါင်းသင်းဆက်ဆံမှုများကိုအခြေခံပြီးလိုအပ်သောစိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုများရှိလာအောင်လူမှုဝန်ထမ်းနည်းစနစ်များဖြင့်ဆောင်ရွက်ပေးရန်၊ဘဝအောင်မြင်မှုများရရှိရန်အတွက်စိတ်ရှည်သည်းခံပြီးတစ်စိုက်မတ်မတ်ကြိုးစားဆောင်ရွက်တတ်စေရန်၊အမှားအမှန်ခွဲခြားတတ်ပြီးကိုယ်ချင်းစာတရားနှင့်အပြန်အလှန်လေးစားမှုများထားရှိနိုင်ရန်အတွက်စာရိတ္တ၊ပြည်သူ့နီတိ၊စည်းကမ်းတို့ကိုလေ့ကျင့်သင်ကြားပေးရန်၊ပညာသင်ယူကြရမည့်အရွယ်များဖြစ်သဖြင့်စာပေဆက်လက်သင်ယူနိုင်သူများကိုဆက်လက်သင်ကြားပေးရန်၊စာပေသင်ယူခြင်းမပြုနိုင်သောသူများကိုကျောင်းပြင်ပမူလတန်းပညာသင်ကြားပေးရန်၊ဘဝတစ်သက်တာသင်ခန်းစာများကိုသင်ကြားပေးရန်၊ကျန်းမာသန်စွမ်းသောလူငယ်များဖြစ်စေရန်ကိုယ်လက်လှုပ်ရှားအားကစားမှတဆင့်ထူးချွန်အားကစားသမားများပေါ်ထွက်လာအောင်လေ့ကျင့်ပေးရန်၊ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ပေါင်းစည်းနေနိုင်ရေးအတွက်အသက်မွေးဝမ်းကျောင်းပညာများကိုဘဝရပ်တည်နိုင်သည်အထိသင်ကြားပေးရန်၊စိတ်အပန်းပြေစေရန်တီဗီကြည့်ခြင်း၊တူရိယာများတီးမှုတ်ခြင်း၊သီဆို၊ကခုန်ခြင်းများဆောင်ရွက်ပေးရန်၊ရိက္ခာဖြည့်စွက်ကျွေးမွေးနိုင်ရန်နှင့်စိတ်ထားနူးညံ့သိမ်မွေ့စေရန်အတွက်တစ်ဦးချင်းနှင့်အုပ်စုလိုက်စိုက်ခင်းများဆောင်ရွက်ရန်၊တစ်ကိုယ်ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးများကိုအသိပညာပေးရန်၊တစ်ဦးချင်းအတွက်ရပ်ရွာအတွင်းပြန်လည်ဝင်ဆံ့ရေးအစီအစဉ်ကိုရေးဆွဲဆောင်ရွက်ပေးရန်၊နိုင်ငံတော်၏သားကောင်းရတနာကလေးများဖြစ်အောင်လေ့ကျင့်ပျိုးထောင်ပေးရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR