ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

တောင်တရုတ်ပင်လယ်တွင်ဖြစ်ပွားခဲ့သောရာဂီတိုင်ဖွန်းမုန်တိုင်း၏ သက်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားရသည့်ဒေသများအတွက်အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် (၀၉:၀၀)နာရီကကျင်းပရာလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကလက်ခံရယူခဲ့ပြီးကျေးဇူးတင်စကားပြန်လည်ပြောကြားကာဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ဗိုလ်ချုပ်ဌေးနိုင်(ငြိမ်း)+ဒေါ်ဥမ္မာမြင့်မိသားစုမှ ငွေကျပ် သိန်း(၅၀)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ငွေကျပ်သိန်း(၄၀၀)၊ ဧရာဝတီဖောင်ဒေးရှင်းမှ ငွေကျပ်သိန်း(၁,၀၀၀)၊ ဒေါက်တာဘုန်းမြင့်(White Hope Mental HospitalKyaing Tong Paradise Hotel)မှ ငွေကျပ်သိန်း(၁၀၀)၊ ဦးဇော်မင်း+ဒေါ်ကျော့ကျော့စံ၊ သား-စိုပြေမင်းစံ၊ သော်ညီမင်းစံ(မိသားစု)မှငွေကျပ်သိန်း(၁၀၀)၊ ဦးဇော်ဝင်း+ဒေါ်နွေးနွေးဝင်း(မိသားစု)မှ ငွေကျပ်သိန်း(၅၀)၊ Royal Myanmar Nay Pyi Taw Golf Club မှ ငွေကျပ်သိန်း(၅၀)၊ ကျွန်ုပ်တို့တတ်စွမ်းနိုင်သလောက် လူမှုကူညီရေးအသင်း (AS BEST WE CAN) မှ ငွေကျပ်(၁၀)သိန်း၊ စုစုပေါင်းငွေကျပ်(၁၇၆၀)သိန်းတိတိလှူဒါန်းခဲ့ကြောင်းသိရှိရပါသည်။

ထို့အပြင် ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီး၊ သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ထိုင်းနိုင်ငံရှိကုမ္ပဏီများ၊ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားအလုပ်သမားများ၊ စေတနာရှင်များကစုပေါင်းလှူဒါန်းမှုဆန် (၅၀၀) အိတ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဆန်(၁၀၀) အိတ်နှင့် ကိုသီဟ၊နေပြည်တော်မှ ကျပ်သိန်း(၃၀)တန်ဖိုးရှိ ရေသန့်ဘူး (၆,၀၀၀)ဘူး၊ အေးသုခမြို့ဦးကျောင်းဆရာတော် ဦးပညာစက္ကဦးဆောင်၍ အလှူရှင်များ(ပဲခူးတိုင်း) က ငွေကျပ်သိန်း(၇၀)၊ဆန် (၁၀) အိတ်နှင့် လူသုံးကုန်ပစ္စည်း (၅၈) အိတ်တို့ကိုလာရောက်လှူဒါန်းခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၁)မှ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမိုးအောင်နှင့် ဇနီး ဒေါက်တာဒေါ်အေးခိုင်ညွန့် မိသားစုမှပင်လောင်းကားလမ်းမကြီးတစ်လျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကြည်း၊ ရေ၊ လေအရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၂၅၀ ဦးနှင့် သိုက်ချောင်းလမ်းဆုံမှ ပုဗ္ဗသီရိမြို့ပတ်လမ်းတစ်လျှောက် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်လျက်ရှိသော ကြည်း၊ ရေ၊ လေ အရာရှိ၊ စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင်၊ မီးသတ်တပ်ဖွဲ့ဝင်စုစုပေါင်းအင်အား ၂၀၀ ဦးတို့အတွက် နံနက်စာ သကြားပလာတာ (၄၅၀) ဘူးနှင့် နေ့လယ်စာထမင်းဘူး(၄၅၀)ဘူး၊အေလာမြို့၊ အေလာတိဏ္ဏဘုန်းတော်ကြီးကျောင်းရှိ ရေဘေးသင့်ပြည်သူ (၃၀၀) ဦးနှင့် ဇေယျသိမ်ဘုန်းတော်ကြီးကျောင်းရှိရေဘေးသင့်ပြည်သူ (၁၅၀) ဦးတို့အတွက် ထမင်းဘူး (၄၅၀) ဘူး၊ မာမီးမွန်းစတား အသင့်စား  ခေါက်ဆွဲအထုပ် (၃၆၀၀) ထုပ်၊ မာမီခေါက်ဆွဲ (၁၀၈၀) ထုပ်၊ အအေးဘူး (၁၅၆) ဘူး၊ Vigo အသင့်စားကွေကာအထုပ် (၁၄၄၀) ထုပ် တို့အားလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့ပါသည်။

ထို့အတူ SKYNET Media ရွှေသံလွင်ကုမ္ပဏီမိသားစုမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အတွင်းရှိရေဘေးသင့်ပြည်သူများအတွက် (၁၄.၉.၂၀၂၄) ရက်နေ့မှစ၍ နေ့စဉ် နေ့လည်စာထမင်းဘူး (၁၀၀၀၀) ဘူးအားနေပြည်တော်ကောင်စီသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR