ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ နှစ်သစ်ကူး အန္တရာယ်ကင်း ပရိတ်တရားတော် နာယူခြင်းအခမ်းအနားကို ယနေ့နံနက် (၉:၃၀) အချိန်က အဆိုပါ ဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပရာ သီဟသုဓမ္မမဏိဇောတဓရ ဒေါက်တာအောင်ကျော်ဝင်းနှင့် ဇနီး ပြည်ထောင်စုဝန်ကြီး သုဓမ္မသိင်္ဂီ ဒေါက်တာသက်သက်ခိုင် အမှူးပြုသော ဝန်ကြီးဌာနမှ ၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်နှင့် ဇနီး၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် အရာထမ်း/ အမှုထမ်းများ စသည့် ဝန်ကြီးဌာန မိသားစုများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ ဝန်ကြီးဌာန ဆရာဒကာ ကျောင်းများဖြစ်သော ပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်းနှင့် ကိုးခန်းကြီးကျောင်းတိုက်တို့မှ သံဃာတော်များ ကြွရောက်ခဲ့ကြပြီး ဦးစွာ နမောတဿ(၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာ ကိုးခန်းကြီး ကျောင်းတိုက်ဆရာတော်( သဒ္ဓမ္မ ဇောတိကဓဇ သာသနဓဇ ဓမ္မာစရိယ ဝိနယ ဝိဒူဘဒ္ဒန္တ အာစိန္တ ) ထံမှ ငါးပါးသီလခံယူကာ ဆရာတော်သံဃာတော်များထံမှ ပရိတ် တရားတော်များနာယူပြီး လှူဖွယ် ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုအတွက် ရေစက်သွန်းချအမျှပေးဝေခြင်းနှင့်သာဓုအနုမောဒနာခေါ်ဆိုကာ အခမ်းအနားကို နံနက်(၁၀:၃၀) အချိန်ခန့်တွင် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR