ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီအစည်းအဝေး(၁/၂၀၂၄)ကို (၈-၈-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဦးဆောင်၍ကျင်းပပြုလုပ်ခဲ့ရာ လုပ်ငန်းကော်မတီဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ် ဥက္ကဋ္ဌနှင့် မသန်စွမ်းအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင်မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာလုပ်ငန်းကော်မတီကို ၂၀၁၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၄ ခုနှစ် မတ်လ (၁၈) ရက်နေ့တွင်ပြင်ဆင်ဖွဲ့စည်းထားရှိပါကြောင်း၊ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ မဟာဗျူဟာ(၅)နှစ်စီမံကိန်း(၂၀၂၂-၂၀၂၇)ကို သက်ဆိုင်ရာဆပ်ကော်မတီဥက္ကဋ္ဌများဦးဆောင်၍ လုပ်ငန်းစီမံချက် (Action Plan) ရေးဆွဲခဲ့ပြီး (၁၅-၂-၂၀၂၄) ရက်နေ့တွင် အတည်ပြုဖြန့်ချိထားရှိပြီးဖြစ်ပါကြောင်းနှင့် လုပ်ငန်းများအမှန်တကယ်ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ သက်ဆိုင်ရာဆပ်ကော်မတီအလိုက်အကဲဖြတ်သုံးသပ်ခြင်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မသန်စွမ်းအသင်းအဖွဲ့များမှတ်ပုံတင်ခြင်းလုပ်ငန်းအား အသေးစိတ်စိစစ်နိုင်ရေးအတွက် SOP (မူကြမ်း) ရေးဆွဲနိုင်ရေး Task Force အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်းများ၏ ဘာသာရပ်ဆိုင်ရာပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ မသန်စွမ်းသူများဆိုင်ရာအချက်လက်များ တိကျမှန်ကန်မှုရှိစေရေးအတွက် မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့် မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကို စီမံကိန်းမြို့နယ်(၁၈)ခုတွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ စီမံကိန်းနယ်မြေ(၆)ခုတွင် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် မသန်စွမ်းသူမှတ်ပုံတင်လက်မှတ်ရရှိပြီးသူများအား မသန်စွမ်းထောက်ပံ့ကြေးများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊မသန်စွမ်းကလေးသူငယ်များအတွက် ပုဂ္ဂလိကအထူးပညာသင်ကျောင်း/ဌာန(၂၉)ကျောင်းအား တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခဲ့ပြီး အဆိုပါကျောင်းများမှာ မသန်စွမ်းကလေးငယ်များအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများအား လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက်လုပ်ငန်းကော်မတီဝင်၊အတွင်းရေးမှူး(၁) ပြန်လည်ထူထောင်ရေးဉီးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ကယခင်အစည်းအဝေးဆုံးဖြတ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး လုပ်ငန်းကော်မတီဝင်များက ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR