ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏နှစ်သစ်မင်္ဂလာပရိတ် တရားတော်နာယူခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်အဆိုပါဝန်ကြီးဌာန၊စုပေါင်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးသုဓမ္မသိင်္ဂီသီရိပျံချီ ဒေါက်တာသက်သက်ခိုင်နှင့် ခင်ပွန်းသီဟသုဓမ္မမဏိဇောတဓရ ဒေါက်တာအောင်ကျော်ဝင်း၊ ဒုတိယဝန်ကြီးဦးစိုးကြည်နှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်အရာထမ်း/ အမှုထမ်းများတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားသို့ဝန်ကြီးဌာန ဆရာဒကာကျောင်းများဖြစ်သောပျဉ်းမနားမြို့၊ တံခွန်တိုင်ကျောင်း ပဓာနနာယကဆရာတော်သဒ္ဓမ္မဇောတိကဓဇ္ဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ္ဇ ဒေါက်တာအရှင်ဝါယမ နှင့် ကိုးခန်းကြီးကျောင်းတိုက် ပဓာနနာယကဆရာတော်သဒ္ဓမ္မဇောတိကဓဇ္ဇ၊ သာသနဓဇ္ဇဓမ္မာ စရိယဝိနယဝိဒူဘဒ္ဒန္တအာစိဏ္ဏတို့ အမှူးပြုသော သံဃာတော်များ ကြွရောက်ခဲ့ကြပြီး ဦးစွာ နမောတဿ ( ) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကာကိုးခန်းကြီးကျောင်းတိုက် ပဓာနနာယကဆရာတော် သဒ္ဓမ္မဇောတိကဓဇ္ဇ၊ သာသနဓဇ္ဇဓမ္မာစရိယဝိနယဝိဒူဘဒ္ဒန္တ အာစိဏ္ဏထံမှ ငါးပါးသီလခံယူကာဆရာတော်သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူပြီးလှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ ကုသိုလ်ကောင်းမှုအတွက်ရေစက်သွန်းချအမျှ ပေးဝေခြင်းနှင့် သာဓုအနုမောဒနာခေါ်ဆိုကာအခမ်းအနားကိုဗုဒ္ဓသာသနံစိရံတိဋ္ဌတု ()ကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြပါသည်။

ဆက်လက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၏ နှစ်ဦးအလှူဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲအခမ်းအနားကို ဝန်ကြီးဌာနပရိဝုဏ်အတွင်းရှိ မင်္ဂလာကန်တွင်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးအဖွဲ့ တက်ရောက်၍ပါဝင် ဆင်နွှဲခဲ့ကြပါသည်။ ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်ခင်ပွန်း၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ဦးစီးဌာနများမှ  ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများ၊ ဝန်ကြီးဌာနမှအရာထမ်း၊ အမှုထမ်းများက ရွှေဝါငါးကြင်းသားပေါက်များကိုဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြပါသည်။

ဆက်လက်၍ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ဦးစီးကျင်းပသည့်  သက်ကြီးပူဇော်ပွဲကို နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်ရှိကရုဏာကမ္ဘာဘိုးဘွားရိပ်သာတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့် ခင်ပွန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးတင်ဦးလွင်နှင့်ဇနီး၊ ဒုတိယဝန်ကြီးဦးစိုးကြည်နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ၎င်းတို့၏ဇနီးများကကန်တော့ချိုးဖြင့် ကန်တော့ကြပြီးကန်တော့ခံဘိုးဘွားများကိုဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် အလှူရှင်များမှ လှူဒါန်းသည့် ဂါရဝပြုလက်ဆောင် ပစ္စည်းများ အားပေးအပ်ခဲ့ကြပါသည်။ ဆက်လက်၍ ကန်တော့ခံဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးက နှစ်သစ်ဆုတောင်းမေတ္တာစကားပြန်လည်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ရိပ်သာတာဝန်ခံ ဗိုလ်မှူးသောင်းမြင့်(ငြိမ်း)က ရိပ်သာအတွင်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်း တင်ပြရာပြည်ထောင်စုဝန်ကြီးကရိပ်သာများစနစ်တကျလည်ပတ်နိုင်ရေး၊ နိုင်ငံတော်ကိုယ်စား ထောက်ပံ့နိုင်ရေး၊ ရေရှည်တည်တံ့ရန် ရံပုံငွေထူထောင်ထားနိုင်ရေးစသည်တို့အတွက် လိုအပ်သည်များကိုညှိနှိုင်းဆွေးနွေးခဲ့ပြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌက ရိပ်သာအတွက် လိုအပ် သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR