ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၃)ကို(၁၅.၁၁.၂၀၂၃) ရက်နေ့၊ မွန်းလွဲ (၂)နာရီအချိန်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ကျင်းပပြုလုပ်ရာမသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌ(၁)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီကို၂၀၁၇ခုနှစ်တွင်စတင်ဖွဲ့စည်းခဲ့ပြီး၂၀၂၃ခုနှစ်ဩဂုတ်လ၂၄ရက်နေ့တွင်ပြင်ဆင်ဖွဲ့စည်းထားပြီးနောက် ပထမဆုံးအကြိမ်ကျင်းပပြုလုပ်သည့်အစည်းအဝေးဖြစ်ကြောင်း၊ အမျိုးသားကော်မတီအနေဖြင့်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်အားသာချက်၊အားနည်းချက်များကိုပြန်လည်သုံးသပ်၍ မသန်စွမ်းသူများလူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက်ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊မဟာဗျူဟာ(၅)နှစ်စီမံကိန်းပါကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များရေးဆွဲအတည်ပြုထားရှိပြီးမကြာမီတွင်မိတ်ဆက်ဖြန့်ချိသွားမည်ဖြစ်ကြောင်း၊လူမှုဝန်ထမ်းဦးစီးဌာနကလည်းမသန်စွမ်းကလေးသူငယ်များအတွက်ပုဂ္ဂလိကပညာသင်အထူးကျောင်း၊ ပုဂ္ဂလိကအသက်မွေးမှုအထူးသင်တန်းကျောင်း၊ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဌာနများကိုစံသတ်မှတ်ချက်နှင့်အညီစိစစ်ပြီးတည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးလျက်ရှိပါကြောင်း၊  သဘာဝဘေးလျော့ပါရေးလုပ်ငန်းများတွင်မသန်စွမ်းသူများ၏ပါဝင်မှုအားကောင်းလာစေရေးအတွက်လည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းလုပ်ငန်းကိုလည်း (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်တွင်ကနဦးစီမံကိန်း (၄) မြို့နယ်တွင်စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်တွင်စီမံကိန်းမြို့နယ် (၁၀) ခုတွင်ဆက်လက်တိုးချဲ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ မသန်စွမ်းသူများ၏အရေးကိုဆောင်ရွက်ခြင်းသည်ပါတီနိုင်ငံရေးဆောင်ရွက်ခြင်းမဟုတ်ဘဲမသန်စွမ်းသူများအနေဖြင့်အခြားသူများနည်းတူဂုဏ်သိက္ခာရှိစွာ၊ အမှီအခိုကင်းစွာနေထိုင်ရပ်တည်နိုင်စေဖို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မသန်စွမ်းသူများဆန္ဒမဲပေးရာတွင်အဆင်ပြေလွယ်ကူစေရန်ဆန္ဒမဲပေးရာတွင်အသုံးပြုမည့်ပစ္စည်းကိရိယာများနှင့်ဆန္ဒမဲပေးပုံပေးနည်းများကိုမသန်စွမ်းသူများသိရှိစေရေးနှင့်သက်ဆိုင်ရာမဲဆန္ဒနယ်မြေအလိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များလိုက်နာဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်ညှိနှိုင်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနောင်ပင်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့် (၁၂)ကြိမ်မြောက်အာဆီယံမသန်စွမ်းသူများအားကစားပြိုင်ပွဲတွင်မြန်မာမသန်စွမ်းအားကစားသမား (၈၂)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာရွှေတံဆိပ် (၁၅) ခု၊ငွေတံဆိပ် (၂၂)ခုနှင့်ကြေးတံဆိပ် (၁၉)ခုစုစုပေါင်းဆုတံဆိပ် (၅၆)ခုရရှိခဲ့ပြီးပြိုင်ပွဲဝင်နိုင်ငံ (၁၁)နိုင်ငံအနက်အဆင့် (၆)နေရာရရှိခဲ့သဖြင့်ဂုဏ်ယူဝမ်းမြောက်မိကြောင်း၊ နိုင်ငံတော်ကလည်းအောင်ပွဲရမသန်စွမ်းအားကစားသမားများကိုနိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ထိုက်ထိုက်တန်တန်ဂုဏ်ပြုချီးမြှင့်ပေးခဲ့ပြီးဖြစ်ကြောင်း၊ မကြာမီကျရောက်မည့်အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့အထိမ်းအမှတ်အကြိုလှုပ်ရှားမှုများမှာလည်းမသန်စွမ်းသူများအတွက်အားကစားပြိုင်ပွဲများထည့်သွင်းကျင်းပပေးခြင်းဖြင့်မသန်စွမ်းသူများ၏ ကျန်းမာကြံ့ခိုင်မှုနှင့်အားကစားကဏ္ဍတွင်ပါဝင်လှုပ်ရှားနိုင်မှုကိုမြှင့်တင်လှုံ့ဆော်ပေးနိုင်မှာဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။

အစည်းအဝေးသို့ အမျိုးသားကော်မတီဝင်ဒုတိယဝန်ကြီးများ၊နေပြည်တော်ကောင်စီနှင့်တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှကော်မတီဝင်များ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ၊ ဝန်ကြီးဌာနများမှအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့်မသန်စွမ်းအဖွဲ့အစည်းများမှကိုယ်စားလှယ်များမှ In Person ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးပြည်နယ်တို့ရှိ လူမှုရေးဝန်ကြီးများမှ Video Conferencing စနစ်ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR