ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမား (၁၀၈၆)ဦးအား ကြိုဆို ထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်

မတ်လ ၁၇၊ နေပြည်တော်

မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိနေသည့် မြန်မာ အလုပ်သမား(၁၀၈၆)ဦးသည် (၂၇..၂၀၂၁)ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျားလုံချည်(၉၉၁)ထည်၊ မလုံချည် (၉၂) ထည်၊ တီရှပ်(၁၀၈၆) ထည်၊ တဘက် (၁၀၁၆)ထည်နှင့် ဆပ်ပြာ(၁၀၈၆)တောင့်တို့ကို ထောက်ပံ့ပေးခြင်း၊ စစ်ရေယာဉ်ပေါ် ၌ ကျွေးမွေးခဲ့သည့် ( ခေါက်ဆွဲခြောက်၊ ပုန်းရည်ကြီး၊ ဘီစကွတ် ) စသည့် ရိက္ခာခြောက်ဖိုးငွေကျပ် (,၈၀၁,၅၀၀)ကို ကျခံဆောင်ရွက်ပေးခြင်း၊ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာမည့် မြန်မာ အလုပ်သမား(၁၀၈၆)ဦးအတွက် တီရှပ်( )ထည်စီနှင့် လမ်းခရီးစားစရိတ်ငွေ တစ်ဦးလျှင် ( )ရက် (၃၀၀၀)ကျပ်နှုန်းဖြင့် ()ရက်စာ စုစုပေါင်းငွေကျပ် (၂၂,၈၀၆,၀၀၀)ကိုလည်းကောင်း၊ နေရပ်ပြန်သည့် ခရီးစရိတ်ကျသင့်ငွေကိုလည်းကောင်း အမှတ်()စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ဘုရင့်နောင်)ရှိ Quarantine Center တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)နှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး တို့မှ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

          ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြန်မာအလုပ်သမား (၁၀၈၆)ဦးအနက် ကိုယ်ဝန်ဆောင် မိခင်()ဦး၊ မသန်စွမ်းသူ()ဦး၊ အသက်()နှစ်အောက် ကလေး(၂၀)ဦး၊ စုစုပေါင်း(၂၅)ဦးအား တစ်ဦးလျှင်ငွေ ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၅၀,၀၀၀)ကို အမှတ်()စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ဘုရင့်နောင်)ရှိ Quarantine Center တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

          အဆိုပါ မြန်မာအလုပ်သမား (၁၀၈၆)ဦးအား အမှတ်()စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ဘုရင့်နောင်)တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ Quarantine (၁၄)ရက် ထားရှိခဲ့ပြီးနောက် (၁၃..၂၀၂၁) ရက်နေ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR