ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် မြန်မာအလုပ်သမား (၁၀၈၆)ဦးအား ကြိုဆို ထောက်ပံ့ခြင်းလုပ်ငန်းများဆောင်ရွက်

မတ်လ ၁၇၊ နေပြည်တော်

မလေးရှားနိုင်ငံသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လာရန် အခက်အခဲရှိနေသည့် မြန်မာ အလုပ်သမား(၁၀၈၆)ဦးသည် (၂၇.၂.၂၀၂၁)ရက်နေ့တွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ပြန်လည် ရောက်ရှိလာရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ကျားလုံချည်(၉၉၁)ထည်၊ မလုံချည် (၉၂) ထည်၊ တီရှပ်(၁၀၈၆) ထည်၊ တဘက် (၁၀၁၆)ထည်နှင့် ဆပ်ပြာ(၁၀၈၆)တောင့်တို့ကို ထောက်ပံ့ပေးခြင်း၊ စစ်ရေယာဉ်ပေါ် ၌ ကျွေးမွေးခဲ့သည့် ( ခေါက်ဆွဲခြောက်၊ ပုန်းရည်ကြီး၊ ဘီစကွတ် ) စသည့် ရိက္ခာခြောက်ဖိုးငွေကျပ် (၃,၈၀၁,၅၀၀)ကို ကျခံဆောင်ရွက်ပေးခြင်း၊ နေရပ်ဒေသအသီးသီးသို့ ပြန်လည်ထွက်ခွာမည့် မြန်မာ အလုပ်သမား(၁၀၈၆)ဦးအတွက် တီရှပ်( ၁ )ထည်စီနှင့် လမ်းခရီးစားစရိတ်ငွေ တစ်ဦးလျှင် ( ၁ )ရက် (၃၀၀၀)ကျပ်နှုန်းဖြင့် (၇)ရက်စာ စုစုပေါင်းငွေကျပ် (၂၂,၈၀၆,၀၀၀)ကိုလည်းကောင်း၊ နေရပ်ပြန်သည့် ခရီးစရိတ်ကျသင့်ငွေကိုလည်းကောင်း အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ဘုရင့်နောင်)ရှိ Quarantine Center တွင် ဒုတိယညွှန်ကြားရေးမှူးချုပ်(လုပ်ငန်း)နှင့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး တို့မှ သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

          ထို့အပြင် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် မြန်မာအလုပ်သမား (၁၀၈၆)ဦးအနက် ကိုယ်ဝန်ဆောင် မိခင်(၁)ဦး၊ မသန်စွမ်းသူ(၄)ဦး၊ အသက်(၅)နှစ်အောက် ကလေး(၂၀)ဦး၊ စုစုပေါင်း(၂၅)ဦးအား တစ်ဦးလျှင်ငွေ ကျပ်(၃၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၅၀,၀၀၀)ကို အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ဘုရင့်နောင်)ရှိ Quarantine Center တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

          အဆိုပါ မြန်မာအလုပ်သမား (၁၀၈၆)ဦးအား အမှတ်(၁)စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ဘုရင့်နောင်)တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ Quarantine (၁၄)ရက် ထားရှိခဲ့ပြီးနောက် (၁၃.၃.၂၀၂၁) ရက်နေ့က သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ပြန်လည်ထွက်ခွာပြီဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်
အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအားပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကြည့်ရှုအားပေး
(၁၆) ကြိမ်မြောက် လုံခြုံရေးသုံးဆိုင်ရာပစ္စည်းများပြပွဲ(၂၀၂၆)သို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်၊ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့နယ်တွင်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်းကိုတက်ရောက်ဖွင့်လှစ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဧရာဝတီတိုင်းဒေသကြီး၊ရေကြည်မြို့နယ်နှင့်ကျောင်းကုန်းမြို့ယာယီရေဘေးရှောင်စခန်းများသို့သွားရောက်ကြည့်ရှုထောက်ပံ့အားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်Save the Children International (SCI) မှ အာရှဒေသဆိုင်ရာRegional Directorဖြစ်သူMr. Arshad Mehmood Malikဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ရန်ကုန်မြို့ရှိကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်Mr. Barnaby Jones အားလက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR