ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာစိုးဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့သည် လူမှုရေးဝန်ကြီးနှင့်တကွ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊  ကန်ကြီးထောင့်မြို့နယ်၊ တကုန်းကြီးရှိ ကန်ကြီးထောင့် မူလတန်းကြိုကျောင်း တည်ဆောက်မည့် မြေနေရာအား သွားရောက်ကြည့်ရှုပြီး ကလေးငယ်များနှင့် သင့်လျော်ကောင်းမွန်မည့် ကျောင်းအဆောက်အဦဒီဇိုင်းပုံစံဖြင့် တည်ဆောက်နိုင်ရေး ဆောင်ရွက်ရန်လမ်းညွှန်မှာကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ အမှတ်(၃)ရပ်ကွက်၊ (၁၄)လမ်းနှင့်(၁၆)လမ်းအကြားတွင်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တည်ဆောက်လျက်ရှိသော မြစ်ကမ်းပါး နိမ့်ကျမှုကာကွယ်ရေးလုပ်ငန်း၊ Bored Pile အခြေပြုကျောက်စီမြေထိန်းတမံ အလျား (၈၀၀)ပေ ဆောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူမှ ရှင်းလင်းတင်ပြခဲ့ရာ ရန်ပုံငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးနှင့် လုပ်ငန်းစီမံချက်ကာလအတွင်းအရည်အသွေးပြည့်မီစွာနှင့်အချိန်မီပြီးစီးအောင် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ အမျိုးသမီးကလေးများသင်တန်းကျောင်း(ထောက်ကြန့်)သို့သွားရောက်ခဲ့ရာ ကျောင်းအုပ်မှ အမျိုးသမီးကလေးများအား လက်ခံစောင့်ရှောက်ထားရှိမှု အခြေအနေများနှင့် မြောက်ပိုင်းခရိုင်လူမှုဝန်ထမ်းရုံး၊ ခရိုင်ဦးစီးမှူးမှ ခရိုင်အတွင်းလူမှုဝန်ထမ်းလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများကိုအသီးသီးရှင်းလင်းတင်ပြခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အမျိုးသမီးကလေးများသင်တန်းကျောင်းမှ ကျောင်းသူများ ကျောင်းပြင်ပ ပညာရေးသင်ကြားနေမှုများ၊ အသက်မွေးပညာ သင်ကြားနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 သတင်းစဉ်

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR