ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

     လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နှင့်တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဆောင်သော တာဝန်ရှိသူများနှင့် အတူ    ၁၇-၁၀-၂၀၂၁ ရက်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ ကန်သုံးဆင့်ရေပြင်တွင် ကျင်းပပြုလုပ်သော ဖိုင်ဘာစက်လှေ(40HP)များ စမ်းသပ်မောင်းနှင်မှုအား ကြည့်ရှုခြင်းနှင့် လွှဲပြောင်းလက်ခံ ဆောင်ရွက်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက  ဝန်ကြီးဌာန အနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု‌စက်ဝန်းအတိုင်း ကြိုတင်ပြင်ဆင်ခြင်း၊ ကြိုတင် ကာကွယ်ခြင်း၊ အလျင်အမြန်တုံ့ပြန်ခြင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ  ဘေးဖြစ်ပွားနေစဉ် အလျင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့်ပစ္စည်းများဖြစ်သည့် Speed Boat၊ ဖိုင်ဘာစက်လှေ၊ အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ အသက်ကယ်ကြိုးခွေ၊ ရေစုပ်စက်၊ တာပေါ်လင်၊ ရေသန့်ဆေးများကို နှစ်စဉ်ဝယ်ယူဖြည့်တင်းပြီး ကြိုတင်စုဆောင်းထားရှိကာ လိုအပ်ချက်အရ ထောက်ပံ့ပေးနေမှုအခြေအနေများကို ရှင်းလင်း ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကြောင့် ထိခိုက်ဆုံးရှုံးခဲ့သည့် အခြေအနေများနှင့် လိုအပ်သော ကြိုတင်ပြင်ဆင်မှု စီမံခန့်ခွဲမှုလုပ်ငန်းများ၊ ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ လွှဲပြောင်းပေးအပ်မည့် ဖိုင်ဘာစက်လှေ(40HP) ၅ စီးကို မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများက စမ်းသပ်မောင်းနှင်မှု အခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက ဖိုင်ဘာစက်လှေ(40HP) ၅စီးကို လွှဲပြောင်းပေးအပ်သည့် မှတ်တမ်းလွှာကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ လွှဲပြောင်း ပေးအပ်ခဲ့ပါသည်။

    ဆက်လက်၍     ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက် (၈၅)နှစ်နှင့်အထက်ဘိုးဘွား များ၊ စေတနာ့ဝန်ထမ်းပရဟိတဂေဟာများ၊ မသန်စွမ်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ပုသိမ်မြို့၊ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်းများမှကိုယ်စားလှယ်များနှင့် အကျိုးခံစားခွင့်ရှိသူပုဂ္ဂိုလ်များ Social Distancing ပုံစံဖြင့် တက်ရောက်ခဲ့ပါသည်။

   အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ မိမိတို့ဝန်ကြီးဌာန အနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့်ပြန်လည်ထူထောင်ရေး ဦးစီးဌာန (၃)ခုဖြင့် ပြည်သူ့ရေးရာ ဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊  မိမိတို့ဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော လူမှုဝန်ထမ်းလုပ်ငန်းများ ထိရောက်ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး၊ ဘေးအန္တရာယ်ကိုကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသော လူ့အဖွဲ့အစည်း တစ်ရပ်ဖြစ်လာစေရေး၊ ထိခိုက်လွယ်အုပ်စုများကို ပိုမိုပံ့ပိုးနိုင်ရေး၊ ဝန်ကြီးဌာနအနေဖြင့် ကြိုးစား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာမှာ မိမိတို့ဝန်ကြီးဌာနသည် ဝန်ထမ်းဦးရေနည်းပါး တဲ့အတွက် အခြေခံကျသော စာရင်းဇယားအချက် အလက်များ ရရှိနိုင်ရေးနှင့် အကျိုးခံစားခွင့်ရှိသည့် ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့နိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဒေသအာဏာပိုင်အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်းဒေသကြီးအတွင်းရှိ လူမှုရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံးက ဆက်လက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နိုင်ရေး မေတ္တာရပ်ခံလိုပါကြောင်း စသည်ဖြင့်ပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအတွင်း ဘိုးဘွားများ၊ စေတနာ့ဝန်ထမ်းပရဟိတဂေဟာများနှင့် မသန်စွမ်းသူများအတွက် နိုင်ငံတော်မှပေးအပ်သည့် ထောက်ပံ့ကြေးငွေများကို အကျိုးခံစားခွင့်ရှိများလက်ဝယ်အရောက် ထောက်ပံ့ပေးနေမှု အခြေအနေများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ထောက်ပံ့ရခြင်းနှင့် စပ်လျဉ်းသည့်အခြေအနေများကိုလည်းကောင်း အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မသန်စွမ်းသူ (၅၄၈၈)ဦးအတွက် ထောက်ပံ့ငွေကျပ်(၁၆၄,၆၄၀,၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက်ဘိုးဘွား (၃၂၅၈၀)ဦးအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၉၇၇,၄၀၀,၀၀၀)၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်း(၂၁)ခုမှ တည်ထောင်ထားရှိသော ဂေဟာ၊ ရိပ်သာ စုစုပေါင်း(၁၁)ခုအတွက် ထောက်ပံ့ကြေးငွေ(၉၂,၉၂၅,၀၀၀)ကျပ် စသည်ဖြင့် ထောက်ပံ့မှုတန်ဖိုးစုစုပေါင်း (၁၂၃၄,၉၆၅,၀၀၀)ကျပ် (သိန်းတစ်သောင်းနှစ်ထောင့်သုံးရာလေးဆယ့်ကိုးသိန်းငါးထောင်တိတိ) ကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ် ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများကိုယ်စား    စက်တော်ရာဘိုးဘွားရိပ်သာမှ ဂေဟာမှူး၊ ဦးထွန်းအောင်ကျော်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က တက်ရောက်လာကြသည့် အကျိုးခံစား ခွင့်ရှိသူပြည်သူများထံ ထောက်ပံ့ငွေများကို လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

       ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ  အခြေခံပညာ အလယ်တန်းနှင့် အထက်တန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာ စုရပ်နေရာဖြစ်သည့် ရတနာတန်ဆောင်ခန်းမသို့ရောက်ရှိကြပြီး ကာကွယ်ဆေးထိုးနှံ လျက်ရှိသော ကျောင်းသား/သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်းကူညီဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများအား သွားရောက်တွေ့ဆုံအားပေးခဲ့ရာ တိုင်းဒေသကြီးပညာရေးမှူးနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးတို့က ကျောင်းသား၊ ကျောင်းသူများအား ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား မေးမြန်းခဲ့ပြီး ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည့် စေတနာ့ဝန်ထမ်းအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များထံ ကျန်းမာရေးအထောက် အကူပြုပစ္စည်းများနှင့် အားဖြည့် အချိုရည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။ 

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR