ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာသက်သက်ခိုင်နှင့်တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါ လျက် (၆-၅-၂၀၂၂)ရက်နေ့ မွန်းလွဲပိုင်းတွင် ထားဝယ်မြို့မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ် သော ထားဝယ်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနမှ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော Quick Win Project စီမံကိန်းများ ဆောင်ရွက် နေမှုအခြေအနေနှင့် ဦးစီးဌာနများမှ အရာထမ်း/အမှုထမ်းများ အနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်မှု၏အရေးပါမှုများကို တိုက်တွန်းရှင်းလင်းအမှာစကားပြော ကြားခဲ့ပြီး  လူမှုဝန်ထမ်းဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူးများက တိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်ချက်များ၊ အားသာချက်/အားနည်းချက်များ၊ အခက် အခဲများနှင့် ပေါင်းစပ်ဖြည့်ဆည်ဆောင်ရွက်ပေးစေလိုသည့်အချက်များအား ရှင်းလင်း တင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များအား ပေါင်းစပ်ဖြည့်ဆည် ဆောင်ရွက် ပေးခဲ့ပါသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ထားဝယ်မြို့ မူလတန်းကြိုကျောင်းအတွင်း ကလေးငယ်များ တက်ရောက်သင်ယူနေမှုအခြေအနေများကို သွားရောက်အားပေးကြည့်ရှုခဲ့ပြီး ကလေးငယ်များအတွက် ကစားစရာအရုပ်များ၊ မုန့်များနှင့် လက်သန့်စင်ဆပ်ပြာများပေးအပ်ခဲ့ကာ ကလေးငယ်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင် နှင့် တာဝန်ရှိသူများသည် တနင်္သာရီတို်ငးဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ဦးဆောင်သော တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့တာဝန်ရှိသူများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ဧည့်ခန်းမ၌တွေ့ဆုံ၍ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ဝန်ကြီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော လူမှုဝန်ထမ်း လုပ်ငန်းများဖြစ်သည့် ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း၊ သက်ကြီးရွယ်အိုများဘဝ မြှင့်တင်ရေးလုပ်ငန်း၊ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအပါအဝင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ ဘေးအန္တရာယ်များနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး/ကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများစသည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အရှိန် အဟုန်အပြတ်ထိရောက်မြန်ဆန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ဆောင်ရမည့် အချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး လိုက်ပါလျက် ထားဝယ်မြို့ဘိုးဘွားရိပ်သာသို့ ရောက်ရှိ ကြပြီး ဘိုးဘွားများအား ဦးခိုက်ကန်တော့ကြပြီး ဘိုးဘွားများအတွက် ထောက်ပံ့ငွေများ၊ စောင်များ၊ လက်သန့်စင်ဆပ်ပြာများနှင့် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရိပ်သာအတွင်း ဆောင်ရွက်နေမှုများကို ရိပ်သာတာဝန်ခံက လိုက်လံ ရှင်းလင်းပြသခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များ ကူညီဖြည့်ဆည် ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR