ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်းဦးစီးဌာနကဦးစီး၍ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း- NSPAW Phase II (၂၀၂၃-၂၀၃၂)ကို ရေးဆွဲအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုနိုင်ရေးအတွက် Gender Focal Personများနှင့် ညှိနှိုင်းအစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌  ကျင်းပခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီးသက်ဆိုင်ရာဦးစီးဌာန(၄၆)ခုမှ Gender Focal Person (၄၆)ဦးတက်ရောက်ခဲ့ကြပါသည်။

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအမျိုးသားအဆင့်မဟာဗျူဟာစီမံကိန်း NSPAW Phase II (၂၀၂၃-၂၀၃၂)ရေးဆွဲနိုင်ရေးအတွက်ဦးဆောင်ကော်မတီ(၁)ခုနှင့် လုပ်ငန်းကော်မတီ(၁၂)ခုကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ခွင့်ပြုချက်နှင့်အညီဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီများအလိုက်စီမံချက်လုပ်ငန်းစဉ်များ ရေးဆွဲခဲ့ပါကြောင်း၊ ယခုအစည်းအဝေးတွင်လက်ရှိရေးဆွဲလျက်ရှိသည့် NSPAW Phase II(၂၀၂၃-၂၀၃၂)၏စီမံချက်လုပ်ငန်းစဉ်(မူကြမ်း)များရေးဆွဲဆောင်ရွက်နေမှုအခြေအနေများနှင့်ရှေ့လုပ်ငန်းစဉ်များကို အသိပေးရန်ဖြစ်ပါကြောင်း၊ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်(၃)ခုအောက်ရှိကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများက အကောင်အထည်ဖော်ဆောင်ရွက်သည့်အာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်အား သိရှိနားလည်ရန်လိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့် Gender Focal Personများအနေနဲ့မိမိတို့သက်ဆိုင်ရာဌာနများမှာကျား၊မတန်းတူညီမျှရေး၊အမျိုးသမီးစွမ်းပကားမြှင့်တင်ရေးဆောင်ရွက်မှုများနှင့်  NSPAW Phase II ၏လုပ်ငန်စဉ်အကောင်အထည်ဖော်မှုများကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက်ကျား၊မရေးရာတာဝန်ခံများ၏(ToR)များကိုသတ်မှတ်နိုင်ရေးဆွေးနွေးပေးလိုကြောင်း လမ်းညွှန်မှာကြားသွားပါသည်။

ဆက်လက်၍ အစည်းအဝေးကိုကျင်းပခဲ့ရာလူမှုဝန်ထမ်းဦးစီးဌာန၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူးကအာဆီယံဒေသတွင်းကဏ္ဍပေါင်းစုံတွင်ကျား၊မရေးရာထည့်သွင်းစဉ်းစားမှု မဟာဗျူဟာမူဘောင်နှင့် NSPAW ရေးသားရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့်  Gender Focal Person များအတွက် ToRများ ဆွေးနွေးခြင်းများပြုလုပ်ခဲ့ရာ တက်ရောက်လာကြသည့်သက်ဆိုင်ရာများမှGender Focal Person များက NSPAW Phase IIလုပ်ငန်းစဉ်များအကောင်အထည်ဖော်မှုကိုအရှိန်အဟုန်ဖြင့်ဆောင်ရွက်နိုင်ရန်အတွက်ကျား၊မရေးရာတာဝန်ခံများ၏(ToR)နှင့် စပ်လျဉ်း၍  ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်မှ နိဂုံးချုပ် အမှာစကားပြောကြား၍အစည်းအဝေးအားရုပ်သိမ်းခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR