ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

(၁၂)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development-AMMSWDand Related Meetings)အား Video Conference စနစ်ဖြင့် ဩဂုတ်လ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ နေပြည်တော်၊ M-Gallery Hotel ၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကအိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသွားမည်ဖြစ်ပါသည်။ အဆိုပါအစည်းအဝေးများအားအာဆီယံအသိုက်အဝန်းအတွင်း ထိခိုက်လွယ်အုပ်စုများအတွက် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ တိုးတက်အားကောင်းစေရေး”(“Enhancing Responsive Social Protection for Vulnerable Groups in the ASEAN Community”) ခေါင်းစဉ်ဖြင့်ကျင်းပခြင်းဖြစ်ပြီးဖွင့်ပွဲအခမ်းအနားကို ၂၆.၈.၂၀၂၅ ရက်နေ့၊ နံနက် (၀၈:၃၀)နာရီတွင် ကျင်းပရာအာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးအလှည့်ကျဥက္ကဋ္ဌဖြစ်သူလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ထို့သို့ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အချိန်သည်  သဘာဝဘေးအန္တရာယ်များ၊ လူမှုစီးပွားဘဝပြောင်းလဲမှုများ၊ လူဦးရေတိုးပွားလာမှုများနှင့် နည်းပညာတိုးတက်ပြောင်းလဲလာမှုများကြောင့်  မိမိတို့လူမှုအသိုက်အဝန်းတွင် အခက်အခဲများ၊စိန်ခေါ်မှုများကြုံတွေ့နေရပါကြောင်း၊ ၎င်းအခြေအနေ၏ သက်ရောက်မှုကို  ထိခိုက်လွယ်အုပ်စုများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများ ပိုမိုခံစားကြရပါ ကြောင်း၊   အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍရှိ အဖွဲ့အစည်းများအားလုံးပူးပေါင်း၍ ထိခိုက်လွယ်အုပ်စုများ ကြုံတွေ့ရသည့် အခက်အခဲ၊ စိန်ခေါ်မှုများအား ဖြေရှင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊  အစိုးရအဖွဲ့အစည်းများအနေဖြင့် မူဝါဒများချမှတ်ဆောင်ရွက်ပြီး အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကကဏ္ဍရှိ အဖွဲ့အစည်းများနှင့် ဟန်ချက်ညီပူးပေါင်းဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အားလုံးပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကြံ့ကြံ့ခံနိုင်သော လူမှုအသိုက်အဝန်းကို ဖြစ်ပေါ်လာစေမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍(၂၀)ကြိမ်မြောက်အာဆီယံအစိုးရအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများဖိုရမ်(20th ASEAN GO-NGO Forum)ကို ကျင်းပရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဒုတိယအတွင်းရေးမှူးချုပ် ဦးစံလွင်က ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး အာဆီယံနိုင်ငံများရှိလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအစိုးရဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊နိုင်ငံတကာဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများမှကိုယ်စားလှယ်များကOnline ဖြင့်လည်းကောင်း၊အိမ်ရှင်မြန်မာနိုင်ငံရှိ အစိုးရဌာနဆိုင်ရာများ၊ နိုင်ငံတကာနှင့် ပြည်တွင်းလူမှုရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များကလူကိုယ်တိုင်တက်ရောက်စနစ်ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြပါသည်။

အဆိုပါ Forum တွင် ကလေးသူငယ်များ၊ အမျိုးသမီးများ၊ သက်ကြီးပုဂ္ဂိုလ်များနှင့် မသန်စွမ်းသူများအတွက် ဆောင်ရွက်လျက်ရှိသောလူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား အာဆီယံဒေသတွင်းနိုင်ငံအသီးသီးနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ Speaker များကကဏ္ဍအလိုက်ဆွေးနွေးခဲ့ပြီးအကြံပြုချက်များအား ဖော်ထုတ်၍ ဖိုရမ်ကိုညနေ(၁၇:၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ အစည်းအဝေးများအား (၂၇.၈.၂၀၂၅)ရက်နေ့တွင် (၃)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာထူးချွန်ဆု (3rd ASEAN Outstanding Social Welfare and Development Award-AOSWADA) ဆုပေးပွဲအခမ်းအနား၊ (၂၁)ကြိမ်မြောက် အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(21st SOMSWD Meeting)၊ (၂၈.၈.၂၀၂၅)ရက်နေ့တွင်(၂၀)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအာဆီယံ+၃အဆင့်မြင့်အရာရှိကြီးများအစည်းအဝေး(20thSOMSWD+3Meeting)နှင့်(၇)ကြိမ်မြောက်အာဆီယံဒေသတွင်း အားလုံးအကျုံးဝင်ပါဝင်နိုင်သော စွန့်ဦးတီထွင်မှုဆိုင်ရာကျွမ်းကျင်သူများကွန်ရက်အစည်းအဝေး(7th Network of Experts on Inclusive Entrepreneurship for ASEAN-NIEA)၊ (၂၉.၈.၂၀၂၅) ရက်နေ့တွင်(၁၂)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ(12th ASEAN Ministerial Meeting on Social Welfare and Development-AMMSWD)နှင့်(၈)ကြိမ်မြောက်အာဆီယံလူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးများအဆင့်အစည်းအဝေး(8th AMMSWD+3 Meeting) တို့အား အသီးသီးကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများဂုဏ်ပြုညစာစားပွဲနှင့်ဒုတိယနေ့ အစည်းအဝေးများသို့ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့်မြန်မာကိုယ်စားလှယ်အဖွဲ့ဆက်လက်တက်ရောက်လျှက်ရှိ
(၁၃) ကြိမ်မြောက်အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများ၏ ပထမနေ့ အစည်းအဝေးသို့လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်ဆွေးနွေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သန်းစိုး ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(ECI) မွမ်းမံသင်တန်း(ဒုတိယအကြိမ်) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်
ရှမ်းပြည်နယ်အတွင်းရှိသက်ကြီးပုဂ္ဂိုလ်များအတွက်လူမှုရေးပင်စင်၊ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအတွက်ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားကျင်းပခြင်း သတင်းစဉ်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းအပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခြေခံပညာအလယ်တန်းနှင့်အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲကြည့်ရှုအားပေး၊ ရှေးဦးအရွယ်ကလေးသူငယ်ဖွံ့ဖြိုးရေးအခြေအနေတိုင်းတာစစ်ဆေးမှုနှင့်ပြန်လည်ထူထောင်ရေးဆိုင်ရာ(မွမ်းမံ) သင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဆက်သွယ်ရေး၊သတင်း၊ပြန်ကြားရေးကဏ္ဍနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုရေးပင်စင်၊စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ၊တိုက်ပွဲရှောင်ပြည်သူများအတွက်ထောက်ပံ့ပေးအပ်ခြင်းနှင့်ဆောက်လုပ်ရေး၊လမ်းတံတားနှင့်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစကားဝိုင်းဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

MOS

DSW

DDM

DOR