ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများလိုက်ပါလျက်  ယနေ့ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊နေပြည်တော်အတွင်းရှိ  သီရိရတနာမူလတန်းကြိုကျောင်းသို့သွားရောက်ခဲ့ပြီး ကျောင်းအုပ်နှင့်ဆရာမများအား တွေ့ဆုံ၍ မူကြိုဆရာဖြစ်သင်တန်းတွင် သင်ကြားခဲ့ရသော ကလေးစိတ်ပညာနှင့် အခြေခံလိုအပ်ချက်၊ ဘက်စုံဖွံ့ဖြိုးမှုအတွက် ပံပိုးပေးသောပတ်ဝန်းကျင်၊ ကလေးများ၏ကာယလုပ်ရှားမှုနှင့် သိမှုဖွံ့ဖြိုးမှု၊ ကျန်းမာရေးနှင့်အာဟာရအရေးကြီးပုံ၊ ဘာသာစကားဖွံ့ဖြိုးမှု၊ ကစားခြင်းအရေးကြီးပုံ၊ မသန်စွမ်းကလေးများအကြောင်း၊ သင်ထောက်ကူပစ္စည်းများပြုလုပ်ခြင်း၊ မိဘရပ်ရွာအသိပညာပေးခြင်းနှင့် ကလေးများသိသင့်သည့် အကြောင်းအရာများကို ပုံပြင်၊ သီချင်းများဖြင့် သင်ကြားပေးခြင်းများကိုစေတနာထား၍ စနစ်တကျဆောင်ရွက်ပေးစေလိုကြောင်းမှာကြားခဲ့ပြီး ကလေးများအား မူကြိုပညာရေးသင်ကြားနေမှု၊ ကျွေးမွေးစောင့်ရှောက်မှု၊ ကျောင်းနှင့်ကျောင်းပတ်ဝန်းကျင်အခြေအနေများအားကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကလေးများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ မုန့်များပေးဝေခဲ့ပါသည်။

ဆက်လက်၍ပြည်ထောင်စုနယ်မြေ၊နေပြည်တော်၊လူမှုဝန်ထမ်းဦးစီးမှူးရုံးသို့သွားရောက်ပြီးဝန်ထမ်းများနေထိုင်မှု၊ တာဝန်ထမ်းဆောင်နေမှုအခြေအနေများကိုကြည့်ရှုကာဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍လိုအပ်သည်များမှာကြားပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီး၊ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊နေပြည်တော်ကောင်စီနယ်မြေဦးစီးမှူးရုံးနှင့်သိုလောင်ရုံသို့ရောက်ရှိစစ်ဆေးရာကယ်ဆယ်ရေးပစ္စည်းများကိုပိုးမွှားတိရစ္ဆာန်များ၏ဖျက်ဆီးမှု၊ မီးဘေးအန္တရာယ် အပါအဝင်အခြားမလိုလားအပ်သောပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေရေးသတိပြုထိန်းသိမ်းဆောင်ရွက်ကြရန်၊ရုံးနှင့်သိုလှောင်ရုံအတွင်း/အပြင်သန့်ရှင်းသပ်ရပ်စွာထားရှိရန်၊သက်တမ်းမကုန်မီအကျိုးရှိစွာအသုံးပြုနိုင်ရေးအမြဲစစ်ဆေးမှတ်တမ်းပြုစုထားရှိရန်တို့ကိုမှာကြားပါသည်။

ယင်းနောက်ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်ပြည်ထောင်စုနယ်မြေ၊နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့မှအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံ၍နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်များကိုရှင်းလင်းပြောကြားပြီး ဝန်ထမ်းများစည်းလုံးညီညွတ်စွာဖြင့်နေထိုင်၍ တာဝန်ထမ်းဆောင်ကြစေလိုပါကြောင်း၊မွန်မြတ်သောလုပ်ငန်းတာဝန်များကိုထမ်းဆောင်နေကြရသဖြင့်နေ့စဉ်ကုသိုလ်ရနေပါကြောင်း၊ဝန်ထမ်းများသည်နိုင်ငံသူနိုင်ငံသားအားလုံး၏အကျိုးကိုသယ်ပိုးကြရသည့်အဓိကမောင်းနှင်အားများဖြစ်ပါကြောင်း၊ဝန်ထမ်းများတွင်မှန်ကန်သောအတွေးအမြင်၊ခံယူချက်များရှိစေရေးစဉ်ဆက်မပြတ်လေ့လာ၍သုံးသပ်ကျင့်သုံးတတ်ကြရန်လိုအပ်ပါကြောင်း၊အများပြည်သူအကျိုးကိုရှေ့ရှု၍မိမိလုပ်ငန်းတာဝန်များကိုအလေးထားဆောင်ရွက်ပေးကြရန်နင့်ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းမှစ၍မိသားစုများပါမကျန်ကျန်းမာရေးကိုအထူးဂရုပြုကြရန်၊ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်စားသောက်မှုအလေ့အကျင့်ကောင်းများရရှိအောင် ကြိုးစားလိုက်နာကျင့်သုံးကြရန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR