ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများလိုက်ပါလျက် (၁၂-၉-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင်နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပျဉ်းမနားမြို့နယ်တို့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးကာရေနစ်မြုပ်နေသည့်ကျေးရွာများမှ ပြည်သူများအားဘေးလွတ်ရာသို့ ပြောင်းရွှေ့ပေးခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအားသွားရောက်ကြည့်ရှုပြီးလိုအပ်သည့်လူနှင့်ပစ္စည်းများရရှိနိုင်ရေးပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ဘေးလွတ်ရာသို့ရောက်ရှိလာသည့် ပြည်သူများအားနိုင်ငံတော်မှဆောင်ရွက်ပေးနေမှုများအားရှင်းလင်းပြကာနှစ်သိမ့်အားပေးစကားပြောကြားခဲ့ပါသည်။ကနဦးသတင်းရရှိမှုများအရနေပြည်တော်ရှိရပ်ကွက်/ကျေးရွာများမှ အိမ်ထောင်စု(၁၅၀၀၀)ကျော်၊ လူဦးရေ(၆၇၀၀၀)ကျော် ရေဘေးသင့်နေကြောင်းသိရှိရပါသည်။

ထို့နောက်ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဥပ္ပါတသန္တိစေတီတော်မြတ်အရှေ့ဘက်ရှိဓမ္မာရုံတွင် ယာယီရေဘေးရှောင်လျက်ရှိသည့် ပြည်သူများအားသွားရောက်တွေ့ဆုံကာစားနပ်ရိက္ခာများထောက်ပံ့ခြင်း၊လိုအပ်ချက်များညှိနှိုင်းပံ့ပိုးခြင်းနှင့် အားပေးစကားများပြောကြားခဲ့ပါသည်။

နေ့လယ်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁၃)ရက်နေ့၌ ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင်  ကျင်းပပြုလုပ်သည့် ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးအစီအစဉ်ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကကြည့်ရှုအားပေးခဲ့ပြီးယခုအသိပညာပေးအစီအစဉ်မှရရှိခဲ့သောသဘာဝဘေးနှင့်စပ်လျဉ်းသည့် အသိပညာဗဟုသုတများကိုမိမိတို့၏ မိသားစု၊ ဆွေမျိုးများ၊ ပတ်ဝန်းကျင်ထံလက်ဆင့်ကမ်းပေးကြရန် အရေးကြီးကြောင်းမှာကြားခဲ့ပါသည်။

အသိပညာပေးအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်တစ်ခုချင်းအလိုက် ဆောင်ရန်/ရှောင်ရန်အချက်များ၊  ထင်ရှားသည့်သဘာဝဘေးကြီးများနှင့် အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုများကို Light Box များဖြင့် ခင်းကျင်းပြသခြင်း၊  ဘေးဒဏ်ခံနားခိုရာအဆောက်အဦများ၏ ပုံစံငယ်များကိုခင်းကျင်းပြသခြင်း၊  ကစားလေ့လာခြင်းမှ တစ်ဆင့်သဘာဝဘေးအသိပညာများတိုးပွားစေရေးဉာဏ်စမ်းပဟေဠိမေးခွန်းများဖြေဆိုခြင်း၊ Risk Land Game ကစားခြင်း၊ အရေးပေါ်အိတ်ပြင်ဆင်ခြင်းကိုလက်တွေ့ကစားခြင်းနှင့် Online Game ဖြင့် ကစားခြင်းတို့ကိုအမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူဦးရေ (၅၀၀)ဦးခန့် ပါဝင်လေ့လာခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR