ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၃ခုနှစ်၊ အောက်တိုဘာလတွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့(International Day for Disaster Risk Reduction – IDDRR) အထိမ်းအမှတ်အဖြစ်အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲကို ၂၉-၉-၂၀၂၃ရက်၊နံနက်ပိုင်းကနေပြည်တော်ကောင်စီနယ်မြေ၊ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ရာနေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများအနက်(၃၃)ကျောင်းမှကျောင်းသား၊ ကျောင်းသူ(၁၈၁)ဦးတို့ကဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့၊မညီမျှမှုတွေတိုက်ဖျက်စို့” “Fighting Inequality For A Resilient Future”ခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ကြပါသည်။

အဆိုပါစာစီစာကုံးပြိုင်ပွဲနှင့်ပန်းချီပြိုင်ပွဲသို့လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းနှင့်အတူဒုတိယဝန်ကြီး၊အမြဲတမ်းအတွင်းဝန်၊ပညာရေးဝန်ကြီးဌာနမှအမြဲတမ်းအတွင်းဝန်နှင့်တာဝန်ရှိသူများကကြည့်ရှုအားပေးခဲ့ကြပြီးပထမဆု၊ဒုတိယဆုနှင့်တတိယဆုရရှိသူများအား၂၀၂၃ခုနှစ်၊အောက်တိုဘာလ(၁၈)ရက်နေ့တွင်ကျင်းပပြုလုပ်မည့်အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ်အခမ်းအနားနေ့တွင်ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများ၏လုပ်ငန်းဆောင်ရွက်ချက်များကြည့်ရှုစစ်ဆေးခြင်းနှင့်ဦးစီးဌာနအရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံခြင်း
“လူကုန်ကူးမှုများနှင့်ပတ်သက်သည့် တရားစီရင်ရေးလုပ်ငန်းစဉ်များနှင့် တရားစီရင်ရေးလုပ်ငန်းစဉ် အတွင်း လူကုန်ကူးခံရသူများအား အကာအကွယ်ပေးခြင်းဆိုင်ရာ စွမ်းရည်မြှင့်သင်တန်း” ဖွင့်ပွဲ အခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ လယ်ဝေးမြို့နယ်အတွင်းရှိ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အဦနှင့် စာသင်ဆောင် ဆောက်လုပ်ထားရှိမှုအား ကြည့်ရှုစစ်ဆေး
“ပဋိပက္ခအတွင်းလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့်တုံ့ပြန်ဆောင်ရွက်ရေးဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး(TOT)သင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ

MOS

DSW

DDM

DOR