ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

မြန်မာ-အိန္ဒိယနားလည်မှုစာချွန်လွှာ(MoU)အရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့်စီမံကိန်းလုပ်ငန်းများနှင့်စပ်လျဉ်း၍ညှိနှိုင်းအစည်းအဝေးကိုလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် Hybrid ပုံစံဖြင့်ကျင်းပပြုလုပ်ခဲ့ရာလူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်၊အမြဲတမ်းအတွင်းဝန်၊ သက်ဆိုင်ရာဝန်ကြီးမှညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများက In Person ဖြင့်တက်ရောက်ကြပြီးရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဒေါက်တာအောင်ကျော်မင်း ဦးဆောင်သောရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူများ၊အကောင်အထည်ဖော်ဆောင်ရွက်နေသည့်ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက Online မှတက်ရောက်ခဲ့ကြပါသည်။ 

အစည်းအဝေးတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင်အိန္ဒိယနိုင်ငံအစိုးရနှင့်သဘောတူညီမှုရရှိထားသည့်ဒုတိယနှစ်စီမံကိန်းလုပ်ငန်းများကိုအဆင့်(၄)ဆင့်ဖြင့်စောင့်ကြည့်စိစစ်နိုင်ရေးစီစဉ်ထားရှိပါကြောင်း၊ ထိုသို့အဆင့်(၄)ဆင့်ဖြင့်ဒုတိယနှစ်စီမံကိန်းလုပ်ငန်း(၁၃)ခု၏လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများကိုစိစစ်ရာတွင်အဆင့်(၄)ထိရှေ့ရောက်နေသည့်လုပ်ငန်း (၇)ခုသာလျှင်ရှိပြီးကျန်(၆)ခုမှာအားနည်းနေသေးသည်ကိုတွေ့ရှိရပါကြောင်း၊မြေပြင်တွင်အမှန်တကယ်ဆောင်ရွက်နိုင်သည့်လုပ်ငန်းများကို အစားထိုးဆောင်ရွက်နိုင်ရေးညှိနှိုင်းသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကိုအိန္ဒိယနိုင်ငံသို့စဉ်ဆက်မပြတ်အသိပေးနိုင်ရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဌာနများနှင့်ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လစဉ်လဆန်း(၁၀)ရက်နေ့အရောက်ပေးပို့ရန်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကရခိုင်ပြည်နယ်အတွင်း MOU ပါစီမံကိန်းလုပ်ငန်းများ၏ဆောင်ရွက်ပြီးစီးမှုများ၊တွေ့ကြုံရသည့်အခက်အခဲများ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးရန်လိုအပ်မှုများ၊ဆက်လက်ဆောင်ရွက်မည့်အခြေအနေများနှင့်စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းပြီးအကောင်အထည်ဖော်သွားမည့်အခြေအနေများကိုဆွေးနွေးပြောကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်ကအိန္ဒိယနိုင်ငံမှမြန်မာနိုင်ငံအတွက်ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများထောက်ပံ့ကူညီခြင်းဖြစ်သောကြောင့် အလှူရှင်အိန္ဒိယနိုင်ငံကိုစိတ်ကျေနပ်မှုရှိစေရေးအကောင်အထည်ဖော်ဆောင်ရွက်မှုများသည် စနစ်တကျဆောင်ရွက်ပြီးစီးရန်လိုအပ်ပါကြောင်း၊ထို့အပြင်ဒုတိယနှစ်စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်နေစဉ်တတိယနှစ်စီမံကိန်းလုပ်ငန်းများကိုကြိုတင်စီမံထားရှိပြီးနှစ်စဉ်လာမည့်နှစ်များအတွက်လည်း ယခုကပင်ကြိုတင်စီမံထားရန်လိုအပ်ပါကြောင်း၊ အိန္ဒိယနိုင်ငံ၏သဘောထားကိုမေးမြန်းရာတွင်လည်းမူလသဘောတူညီထားသည့်လုပ်ငန်းများအား လိုအပ်ပါကလုပ်ငန်းပြောင်းလဲဆောင်ရွက်နိုင်ရေးပြန်လည်ညှိနှိုင်းနိုင်သည်ဟုသိရှိရပါသဖြင့်မြေပြင်တွင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့်လုပ်ငန်းများကိုအမြန်ဆုံးဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးကြရန်ဖြစ်ပါကြောင်းပြောကြားပါသည်။

ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ကစီမံကိန်းလုပ်ငန်းများကွင်းဆက်အကောင်အထည် ဖော်မှုဆိုင်ရာစံပြုလုပ်ငန်းစဉ်အဆင့်ဆင့်နှင့်စီမံကိန်းလုပ်ငန်းများအပေါ်စောင့်ကြည့်သုံးသပ်မှုဆိုင်ရာအဆင့်(၄)ဆင့်တို့နှင့်စပ်လျဉ်း၍ Power Point ဖြင့်ရှင်းလင်းတင်ပြခဲ့ပြီးတက်ရောက်လာကြသောသက်ဆိုင်ရာဝန်ကြီးဌာနများမှတာဝန်ရှိသူများကစီမံကိန်းလုပ်ငန်းများနှင့်ပတ်သက် ၍အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု၊ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များကိုသက်ဆိုင်ရာကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR