ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းသည် စက်တင်ဘာလ (၈)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ လူမှုဝန်ထမ်း အတတ် သင်သိပ္ပံကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည့် မသန်စွမ်းကျောင်းသား/ကျောင်းသူများ၏ သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်မှုအစီအစဉ်ဖွင့်ပွဲ အခမ်းအနားသို့  တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ၊ ၁၃ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး လှုပ်ရှားမှုများကို မူလတန်းကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များအပြင် နားမကြားသော ကလေးများကျောင်း၊ မသန်စွမ်းသက်ငယ်သင်တန်းကျောင်းနှင့်ကြည့်မြင်တိုင်မျက်မမြင်ကျောင်းတို့တွင် ကျင်းပပြုလုပ်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ၏ သဘောသဘာဝအရ အချို့သော သဘာဝ‌ဘေးအန္တရာယ်များသည် ရာသီဥတုဖြစ်စဉ်များအပေါ်မူတည်ပြီး အချိန်ကာလအလိုက် ဖြစ်ပွားလေ့ရှိသကဲ့သို့ ငလျင်ဘေးအန္တရာယ်ကဲ့သို့သော ဘေးအန္တရာယ်မျိုးမှာမူ နေရာဒေသမရွေး၊ အချိန်ကာလမရွေး၊ ကျရောက်ဖြစ်ပွားနိုင်သည့်အတွက်  ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများအနေဖြင့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိရှိထားပြီးဘေးအန္တရာယ်မှ လျော့ပါးသက်သာစေနိုင်သည့် ရှောင်တိမ်းရန် နည်းလမ်းများကိုလည်း အလေ့အကျင့်ပြုလုပ်ထားရှိရန်လိုအပ်ပါကြောင်း၊ အဆိုပါလိုအပ်ချက်များကို ဖြည့်ဆည်းသည့်အနေဖြင့် ယခုကဲ့သို့ သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း၊ဘေးအန္တရာယ်များမှ ကြံ့ကြံ့ခံနိုင်သောလူ့အဖွဲ့အစည်းဖြစ်ပေါ်စေရေးနှင့် ဘေးအန္တရာယ်များနှင့် အတူ ယှဉ်တွဲနေထိုင်ပြီး ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေများကို ထည့်သွင်းဆောင်ရွက်နိုင်သည့်မျိုးဆက်သစ်များ ဖြစ်ထွန်းပေါ်ပေါက်စေရန် ရည်ရွယ်၍ ယခုကဲ့သို့သော လေ့ကျင့်မှုအစီအစဉ်များကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း ဘေးအန္တရာယ် အမျိုးမျိုးအတွက်သာမက ရေလမ်း/ကုန်းလမ်း/လေကြောင်းလမ်းဆိုင်ရာ ယာဉ်များစီးနင်းမှုများ အတွက်ကိုပါ လူထုလူတန်းစားအလွှာအသီးသီးတွင် အသိပညာပေးမှုများ၊ လေ့ကျင့်မှုများ ဆောင်ရွက်လျှက်ရှိကြပါကြောင်း၊ယနေ့ဇာတ်တိုက်လေ့ကျင့်မှုတွင် ပါဝင်သည့် မသန်စွမ်းကျောင်းသားကျောင်းသူ မျိုးဆက်သစ်လူငယ်များအနေဖြင့် မသန်သော်လည်း စွမ်းသည့်မိမိတို့၏ စွမ်းရည်အသီးသီးကို ဇာတ်တိုက်လေ့ကျင့်မှုအတွေ့အကြုံကောင်းများဖြင့် ပေါင်းစပ်၍ မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင်အား ဘေးအန္တရာယ်များ၏ ထိခိုက်မှုမှ လျော့နည်းစေရေး ပါဝင်ဆောင်ရွက်နိုင်ကြ ပါစေကြောင်း တိုက်တွန်းပြောကြားခဲ့ပါသည်။

နံနက်ပိုင်းတွင် မသန်စွမ်းသက်ငယ်သင်တန်းကျောင်း(ရန်ကုန်)၌ မသန်စွမ်းကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများစုစုပေါင်း (၁၆၀)ဦးခန့်ပါဝင်သောမုန်တိုင်းအန္တရာယ်ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာဇာတ်တိုက်လေ့ကျင့်မှုကိုကျင်းပပြုလုပ်ခဲ့ပြီးမွန်းလွဲပိုင်းတွင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း၌အမြင်အာရုံမသန်စွမ်းသူကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများစုစုပေါင်း (၁၀၀)ဦးခန့်ပါဝင်သောငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ခြင်းဆိုင်ရာဇာတ်တိုက်လေ့ကျင့်မှုကိုဘေးအန္တရာယ်မဖြစ်မီကြိုတင်ပြင်ဆင်ခြင်း၊ အရေးပေါ်အိတ်ပြင်ဆင်ခြင်း၊ ဘေးအန္တရာယ်ဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်  လိုက်နာဆောင်ရွက်ရမည့်ဆောင်ရန်/ရှောင်ရန်များကိုပြောကြားခြင်း၊ဘေးလွတ်ရာနေရာများသို့ ကြိုတင်သတ်မှတ်ထားသည့် လမ်းကြောင်းများအတိုင်းတိမ်းရှောင်ခြင်း၊ မိသားစုဆုံရပ်များသို့ သွားရောက်ခြင်းတို့ကိုကျောင်းသား၊ ကျောင်းသူများကစိတ်ပါဝင်စားစွာဖြင့် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR