ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ရင်သွေးရတနာမူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး၊ ဦးအောင်ထွန်း ခိုင်၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် မူလတန်းကြိုကျောင်းများမှ ဆရာမများ၊ ဆုရရင်သွေးငယ်များ တက်ရောက်ခဲ့ကြပါသည်။

ပထမဦးစွာ ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနားသည် ၂၀၂၂ခုနှစ်၊ ဖေဖော် ဝါရီလ (၁၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် အကြို လှုပ်ရှားမှုပြိုင်ပွဲများ၌  ဆုရရှိသည့် ရင်သွေးငယ်များအား ဆုချီးမြှင့်သည့် အခမ်းအနားဖြစ်ပါ ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဗဟိုချက်ဌာနအဖြစ် ဆောင်ရွက်လျက်ရှိရာ ကလေးသူငယ် အခွင့်အရေးများကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကလေးသူငယ်အခွင့်အရေးများအနက် ကလေးသူငယ်များကိုယ်တိုင် ပါဝင် ဆောင်ရွက်ခွင့်ပေးခြင်းသည်လည်း အခွင့်အရေးတစ်ရပ်အဖြစ် ပါ၀င်နေပါကြောင်း၊ မြန်မာ နိုင်ငံတွင် ကလေးများနေ့အဖြစ် ဖေဖော်ဝါရီလ(၁၃)ရက်နေ့ကို သတ်မှတ်ခဲ့ပြီး ယင်းနေ့သို့ ကျရောက်တိုင်း ကလေးများနှင့်အတူ ပျော်ပွဲရွှင်ပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြပါကြောင်း၊ ယနေ့အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်မှာ  ကလေးများအနေဖြင့် နိုင်ငံ့ခေါင်းဆောင်များကို စံပြပုဂ္ဂိုလ်အဖြစ် အားကျအတုယူတတ်စေရန်၊ မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆောင်ရွက်ခွင့်ရရှိပြီး ကလေးများအားလုံး ဘက်စုံ ဖွံ့ဖြိုးမှုရရှိစေရန်၊ ကလေးသူငယ်အခွင့်အရေးများကို အပြည့်အဝအကောင်အထည်ဖော်ရာ တွင် ကလေးများအားလုံး ပါဝင်ဆောင်ရွက်စေမှုနှင့်အတူ မိသားစုများနှင့် ပြည်သူလူထုမှ တက်တက်ကြွကြွပါဝင်လာစေရန်တို့ဖြစ်ပါကြောင်း၊ မွေးစမှအသက် ()နှစ်ထိဖြစ်သော ရှေးဦး အရွယ် ကလေးသူငယ်ကာလသည် လူတိုင်းအတွက် အဓိကအရေးပါသောနှစ်များဖြစ်ပြီး ခန္ဓာ ကိုယ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်နေသော ကာလများဖြစ်သဖြင့် အဆို ပါ ကာလများအတွင်း ကလေးငယ်ရဲ့ကြီးထွားမှုနဲ့ ဖွံ့ဖြိုးမှုသည် အခြားသောကာလများထက် ပိုမိုလျင်မြန်လာပြီး ကလေးတစ်ဦးရဲ့ဖွံ့ဖြိုးမှုဟာ မွေးရာပါစွမ်းရည်သဘာဝနဲ့ ပတ်ဝန်းကျင်မှ ပံ့ပိုးမှုဆိုတဲ့ ပြုစုပျိုးထောင်ခြင်းတို့ အပြန်အလှန်ဆက်သွယ်နေပါကြောင်း၊ ထို့ကြောင့် ကလေး များကိုဂရုတစိုက်ရှိပြီး အားပေးကူညီမှုရှိတဲ့ လှုံ့ဆော်မှုရှိသည့် ပတ်ဝန်းကျင်ဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးရမှာဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံရှိ လူသားအရင်း အမြစ် ပြည့်ဝမှန်ကန်စွာဖွံ့ဖြိုးဖို့ အင်မတန်အရေးကြီးလှပါကြောင်း၊ ထို့အပြင် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုကို ဂုဏ်ပြုသောအားဖြင့် ဗိုလ်ချုပ်မွေးနေ့ကို မြန်မာနိုင်ငံကလေးများနေ့အဖြစ်သတ်မှတ် ကျင်းပခြင်းဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှု ဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်းများကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုများကြောင့် (၁၆..၂၀၂၀ရက်နေ့က စတင်၍ ခေတ္တပိတ်ထားခဲ့ရပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ (၁၅.၁၁.၂၀၂၁)ရက်နေ့မှာ ပြန်လည် ဖွင့်လှစ်၍ ဘက်စုံဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊  ကလေးများကို နည်းမှန် လမ်းမှန် စနစ်တကျပြုစု စောင့်ရှောက်မှုပေးခြင်းဖြင့် ကလေးတိုင်း ဘက်စုံဖွံ့ဖြိုးတိုးတက်လာ စေမှာ ဖြစ်ပါသဖြင့် အရည်အသွေးများမြင့်မားလာစေကာ အနာဂတ်အတွက် ကောင်းမွန်တဲ့ အခြေခံအုတ်မြစ်များ ဖြစ်လာအောင် ရင်သွေးငယ်များကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက် တတ်သူများ ဖြစ်လာစေရေးအတွက် ဆရာမများ၊ မိဘအုပ်ထိန်းသူများအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်း ပြောကြားခဲ့ပါသည်။

      ထို့နောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ နေပြည်တော်ကလေးပြုစု ရေးဌာနမှ ကလေးငယ်လေးများက မြန်မာပြည်မှာ သီချင်းဖြင့်လည်းကောင်း၊ အကြိုလှုပ်ရှားမှု ပြိုင်ပွဲများတွင် ပထမဆုရရင်သွေးငယ်လေးများမှ ကဗျာ၊ သီချင်းများဖြင့်လည်းကောင်း တင်ဆက်ခဲ့ပြီးနောက် ဆုရရင်သွေးငယ်လေးများအား ပြည်ထောင်စုဝန်ကြီးနှင့်တကွ တက်ရောက်လာကြသည့် ဧည့်သည်တော်များက ဆုများချီးမြှင့်ခဲ့ကြပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ကလေးငယ်များအား ပေါင်မုန့်နှင့် ပဲနို့အာဟာရများ ပေးဝေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့   ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်(၃)တို့နှင့်တကွ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာမများနှင့် ကလေးများ စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ ကြကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR