ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန်းစိုးသည်တာဝန်ရှိသူများလိုက်ပါလျက်မန္တလေးတိုင်းဒေသကြီး၊မန္တလေးမြို့သို့ယမန်နေ့မွန်းလွဲပိုင်းကရောက်ရှိခဲ့ပြီးမန္တလေးငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးခဲ့သည့်နားမကြားသောကလေးများကျောင်းရှိပင်မဆောင်အဆောက်အဦ (Parapet) ထိခိုက်ပျက်စီးမှုအခြေအနေနှင့်စာသင်ဆောင်အဆောက်အဦ၊အမျိုးသား/အမျိုးသမီးအိပ်ဆောင်အဆောက်အဦစားဖိုဆောင်နှင့်ရိပ်သာအဆောက်အဦများကိုလည်းကောင်း၊မူလတန်းကြိုကျောင်းအမှတ် (၂) ရှိပင်မစာသင်ဆောင်နှင့်ကလေးကစားကွင်းအားလည်းကောင်း၊ဒေးဝန်းမူလတန်းကြိုကျောင်းရှိစာသင်ဆောင်နှင့်မန္တလေးလူငယ်သင်တန်းကျောင်းရှိသုံးထပ်ဆောင်အဆောက်အဦနှင့်ပင်မ၂ထပ်ဆောင်အဆောက်အဦအားလည်းကောင်းလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီးအပျက်အစီးများဖယ်ရှားရှင်းလင်းရေး၊ယာယီအဆောင်များနှင့်အဆောက်အဦများတည်ဆောက်နိုင်ရေး၊ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးလိုအပ်သည်များကိုမှာကြားခဲ့ပြီးအဆိုပါကျောင်းများတွင်တာဝန်ထမ်းဆောင်နေကြသောဝန်ထမ်းများနှင့်ဆရာ/ဆရာမများအားအားပေးစကားပြောကြားခဲ့ပါသည်။

မန္တလေးမြို့သို့ရောက်ရှိနေသောဒုတိယဝန်ကြီးသည်ယနေ့နံနက်ပိုင်းတွင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ရောက်ရှိပြီးဝန်ထမ်းများနှင့်တွေ့ဆုံကာအားပေးစကားပြောကြားခဲ့ပါသည်။ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ဗဟိုသိုလှောင်ရုံ (မန္တလေးမြို့)သို့ရောက်ရှိပြီးကယ်ဆယ်ရေးပစ္စည်းများ၊အထောက်အကူပြုပစ္စည်းများ၊ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများနှင့်အလှူပစ္စည်းများသိုလှောင်ထားရှိမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးဘေးသင့်ပြည်သူများထံအချိန်မီထောက်ပံ့နိုင်ရေး၊သိုလှောင်ရုံလက်စွဲနှင့်အညီပစ္စည်းများလေလွင့်ပျက်စီးမှုမရှိစေရေးစနစ်တကျထိန်းသိမ်းထားရှိရေး၊ပစ္စည်းများထုတ်ပေးရာတွင်စနစ်တကျရှိစေရေးနှင့်စာရင်းဇယားများကိုစနစ်တကျပြုစုမှတ်တမ်းတင်ထားရှိရေးတို့အတွက်အဆင့်ဆင့်ကြီးကြပ်ကွပ်ကဲဆောင်ရွက်ကြရန်လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR