ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဗဟိုဌာန(DMC) ၌ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ စိုးဝင်း၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အောက်ရှိ လုပ်ငန်းကော်မတီ(၁၂)ခုမှ အတွင်းရေးမှူးများ၊ ရေဘေးကြောင့် ထိခိုက်ဆုံးရှုံးမှုများပြားခဲ့သည့် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များမှ တာဝန်ရှိသူ များ၊ သီးခြား ဖိတ်ကြားထားသည့် ဦးစီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

 အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသည့် ရေကြီးရေလျှံမှုနှင့်‌ မြေပြိုမှုများကြောင့် ထိခိုက်ပျက်စီးမှုများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့တွင် အပြီးဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲက လမ်းညွှန်ထားရှိကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဗဟိုဌာန(DMC) အနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများက တင်ပြသည့် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများ၊ ဆောင်ရွက်ပြီးစီးမှုများ၊ လိုအပ်မှုအခြေအနေများကို အထက်အဆင့်ဆင့်သို့ တင်ပြနိုင်ရေး၊ လုပ်ငန်းများ လျင်မြန်ချောမွေ့စေရေးတို့အား အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စီမံဆောင်ရွက်ရာတွင် ပျက်စီးဆုံးရှုံးမှုဆိုင်ရာ အချက် အလက်များ တိကျမှန်ကန်ရေးအတွက် တာဝန်ရှိသူအားလုံးက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ကာလအပိုင်းအခြား သတ်မှတ်ဆောင်ရွက်ရာတွင် တိုးတက်မှုအခြေအနေနှင့် နိုင်ငံတော်က ပံ့ပိုးဖြည့်ဆည်းပေးရမည့် လိုအပ်ချက်များကို ပြည့်ပြည့်စုံစုံ တင်ပြခြင်းဖြင့် မိမိတို့ရည်မှန်းထားသည့် အချိန်သတ်မှတ်ချက်အတိုင်း ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ အောင်မြင်ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း၊ ပညာသင်ကြားမှု အဆက်မပြတ်စေရေးအတွက် ရာနှုန်းပြည့်နီးပါး ဆောင်ရွက်ပြီး ဖြစ်သော် လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတို့ကဲ့သို့သော အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတော်မှ ပံ့ပိုးကူညီရန်လိုအပ်နေမှုများအား ဆောလျင်စွာ တင်ပြကြရန်ဖြစ် ကြောင်း၊ ပြည်တွင်း/ ပြည်ပ စေတနာရှင်များ၏ လှူဒါန်းမှုများအား ရေဘေးသင့်ပြည်သူများသို့ တိုက်ရိုက်အကျိုးရှိရှိ ခံစားခွင့်ရောက်ရှိစေရေး အဆင့်ဆင့်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနများက ကြီးကြပ်ဆောင်ရွက်ရန်¬တို့ကို မှာကြားခဲ့ပါသည်။

 ဆက်လက်၍ နေပြည်တော်ကောင်စီ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသ ကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှ သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံ ခန့်ခွဲမှုအဖွဲ့များမှ တာဝန်ရှိသူများ၊ လုပ်ငန်းကော်မတီ(၁၂)ရပ်မှ အတွင်းရေးမှူးများဖြစ် သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သီးခြားဖိတ်ကြားထားသော ပြန်လည်ထူထောင်ရေးအတွက် အဓိက ဆောင်ရွက်နေရသည့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR