ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့သို့ ရောက်ရှိနေသောလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးဒေါက်တာစိုးဝင်းသည်ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူဩဂုတ်လ(၄)ရက်နေ့၊ နံနက်ပိုင်းတွင် သာပေါင်းမြိုသို့ သွားရောက်ခဲ့ပြီးအမှတ်(၃)ရပ်ကွက်၊ဝိသုဒ္ဓါရာမမြို့မမင်းကျောင်းဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့်ရေဘေးရှောင်စခန်း၌ သာပေါင်းမြို့နယ်အတွင်းရှိရေဘေးရှောင်စခန်း(၁၈)ခုမှ ဘေးသင့်ပြည်သူ(၈၉၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၈,၀၄၆,၀၀ဝိ/-)နှင့် မြို့ပေါ်ရေဘေးရှောင်စခန်းများမှ ဘေးသင့်ပြည်သူ(၂၅၄)ဦးအတွက် ကြက်ဥ(၁၀၁၆)လုံးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့်ရေသန့်တို့အားလည်းကောင်းအသီးသီးထောက်ပံ့ပေးအပ်၍ ဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာကျန်းမာရေးနှင့်တစ်ကိုယ်ရည်သန့်ရှင်းရေးတို့ကိုအထူးဂရုပြုနေထိုင်ကြ ရန်တို့ကိုမှာကြားခဲ့ပါသည်။ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် မြို့မမင်းကျောင်းဆရာတော်အားဖူးမျှော်၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပါသည်။

ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာလာပြီးပုသိမ်မြို့၊ သမိုင်းဝင်တာဝတိံသာဘုရားကြီးဝန်းအတွင်းဖွင့်လှစ်ထားသည့်ရေဘေးရှောင်စခန်း၌ မြို့နယ်အတွင်းရှိရေဘေးရှောင်စခန်း(၁၇)ခုမှ ဘေးသင့်ပြည်သူ(၉၉၄)ဦးအတွက် ဆန်ရိက္ခာဖိုး(၈,၉၄၆,၀၀ဝိ/-)နှင့် မြို့ပေါ်ရေဘေးရှောင်စခန်းမှ ဘေးသင့်ပြည်သူ(၁၅၂)ဦးအတွက် ကြက်ဥ(၆၀၈)လုံးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့်ရေသန့်တို့အားလည်းကောင်းအသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီးရေများပြန်လည်ကျဆင်းသွားပါကမိမိတို့နေထိုင်ရာနေအိမ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးစနစ်တကျ ပြုလုပ်ကြရန်မှာကြားကာနေ့စဉ်လူနေမှုဘဝအသက်မွေးဝမ်းကျောင်းလုပ်ငန်းများပုံမှန်လည်ပတ်နိုင်ရေးအတွက် လိုအပ်ချက်များကိုမေးမြန်းအားပေးခဲ့ကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရွှေပုသိမ်ဧည့်ရိပ်သာ၌ပုသိမ်မြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေကြည်မြို့နယ်၊ကျောင်းကုန်းမြို့များအတွင်းရှိအခြားသောရေဘေးရှောင်စခန်းများရှိရေဘေးသင့်ပြည်သူများသို့ ထပ်မံထောက်ပံ့ရန်  ဆန်ရိက္ခာဖိုး(၅၈,၉၅၉,၀၀ဝိ/-)နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ရောက်ရှိနေသည့် တိုက်ပွဲရှောင်ပြည်သူများအားနိုင်ငံတော်အကြီးအကဲ၏ အစီအမံဖြင့် ထောက်ပံ့သည့် ငွေကျပ်(၁,၅၂၂၀,၀၀ဝိ)တန်ဖိုးရှိ Smart ကျား/မရှပ်အင်္ကျီ (၁၀၀၀)ထည်တို့အားတိုင်းဒေသကြီးဝန်ကြီးချုပ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့သို့ ဆက်လက်ထွက်ခွာလာရာငါးသိုင်းချောင်းမြို့၊ သာသနာ့ဗိမာန်သိမ်တော်ကြီးသို့ ရောက်ရှိပြီးရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံကာမြို့နယ်အတွင်းရှိရေဘေးရှောင်စခန်း(၄၁)ခုမှ ဘေးသင့်ပြည်သူ(၆၉၈)ဦးအတွက် ဆန်ရိက္ခာဖိုး(၆,၂၈၂,၀၀ဝိ/-)နှင့် ကြက်ဥ(၂၇၉၂)လုံးအားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန်၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့်ရေသန့်တို့အားလည်းကောင်းအသီးသီးထောက်ပံ့ပေးအပ်၍နှစ်စဉ် တွေ့ကြုံခံစားနေရသောရေဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ နောင်နှစ်များတွင် ခံစားရမှုလျော့နည်းသက်သာစေရေးအတွက် နိုင်ငံတော်အစိုးရ၊ ပြည်သူလူထု၊ စေတနာရှင်များစသည်ဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက် ခြင်းဖြင့် ဘေးအန္တရာယ်များမှကြံ့ကြံ့ခံနိုင်သောရပ်ရွာလူထုများဖြစ်ပေါ်စေရေးကြိုးပမ်းဆောင်ရွက် ရန်လိုအပ်မှုများကိုရှင်းလင်းပြောကြားကာလိုအပ်သည်များမေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ယခု၂၀၂၄ ခုနှစ်၊ မုတ်သုန်ကာလရေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့မှုစုစုပေါင်းမှာကျပ်သိန်း(၁၅၀၀)ကျော်နှင့်တိုက်ပွဲရှောင်များအတွက် ကျပ်သိန်း(၁၅၀)ကျော်တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ (၂)၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း တပ်ကုန်းမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ထောက်ပံ့၊ တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ဘေးအန္တရာယ်ကြံ့ကြံ့ခံနိုင်ရေးလူငယ်စွမ်းအားမြှင့်တင်ရေးသင်တန်း ဖွင့်ပွဲတက်ရောက်
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂)၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဇေယျာသီရိမြို့နယ်နှင့်ပုပ္ဗသီရိမြို့နယ်ရှိရေဘေးရှောင်ပြည်သူများအားတွေ့ဆုံအားပေးထောက်ပံ့
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ညောင်ရွှေမြို့နယ်ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဉက္ကဌ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းရှမ်းပြည်နယ်၊ ကလောမြို့ရှိရေဘေးသင့်ပြည်သူများအားတွေ့ဆုံအားပေး

MOS

DSW

DDM

DOR