ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ရေးဆွဲထားရှိသော Myanmar Disaster Alert (MDA) မိုဘိုင်းအက်ပလီကေးရှင်းမိတ်ဆက်ခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲရလဒ်များ တင်ပြခြင်းအစီအစဉ်ကို (၂၅.၁.၂၀၂၃) ရက်နေ့မွန်းလွဲပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးကသဘာဝဘေးတစ်ခုဖြစ်လာပါကယင်းဒေသရှိပြည်သူများသည်ပထမဦးဆုံး တုံ့ပြန်ဆောင်ရွက်ရသူများဖြစ်သည့်အတွက် သဘာဝဘေးတစ်ခုချင်းစီ၏အသိပညာ၊ ဗဟုသုတများရှိနေရန်လိုအပ်ကြောင်း၊ယနေ့ကာလသည်သတင်းအချက်အလက်နည်းပညာခေတ်ဖြစ်ပြီး ပြည်သူများအကြားတွင်လည်း အသုံးပြုရန် လွယ်ကူလာသည့်အချိန်တွင်ယခုကဲ့သို့နည်းပညာကိုအသုံးပြုပြီး ပြည်သူကိုအသိပညာပေးနိုင်ရန်အတွက် MDAမိုဘိုင်းအက်ပလီကေးရှင်းကိုရေးဆွဲဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်သည့်ကြိုတင်သတိပေးချက်များကို ပြည်သူလူထုထံအချိန်မီပေးပို့နိုင်ရန်နှင့် ဖြစ်လာမည့်ဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အလွယ်ကူဆုံးနည်းစနစ်ဖြင့် အသိပေးနိုင်ရန် ရည်ရွယ်ထားပါကြောင်း၊ အက်ပလီကေးရှင်းတွင်မြန်မာနိုင်ငံ၌အဖြစ်များသောသဘာဝဘေး(၉)မျိုးနှင့်စပ်လျဉ်းပြီး ဆောင်ရန်/ရှောင်ရန်အချက်များကိုလေ့လာနိုင်ရန်လက်ကမ်းစာစောင်များနှင့်ဗီဒီယိုဖိုင်များကိုပါထည့်သွင်းပေးထားပါကြောင်း၊ သုံးစွဲသူများအတွက် အသုံးဝင်အကျိုးရှိစေမည့် အက်ပလီကေးရှင်းတစ်ခုဖြစ်သည့်အတွက်၊ပြည်သူလူထုထံ ကျယ်ကျယ်ပြန့်ပြန့်ရောက်ရှိပြီး အသုံးပြုနိုင်စေရေး တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ဆက်လက်ဖြန့်ဝေပေးရန် တိုက်တွန်းပြောကြားလိုကြောင်းနှင့်နှစ်ရက်တာပြုလုပ်ခဲ့သည့်လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်စီမံခန့်ခွဲမှုဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲတွင် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲခြင်း၊ ထောက်ပံ့ပစ္စည်းများစီမံခန့်ခွဲခြင်း၊ ကယ်ဆယ်ရေးထောက်ပံ့မှုလုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်း၊ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်မှု လုပ်ငန်းလမ်းညွှန်ရေးဆွဲခြင်းများကို ဆွေးနွေးဖော်ထုတ်ခဲ့ကြသည့်အတွက်ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်တိုးတက်ရေး၊ ပြည်သူ့အတွက်အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ရေးတို့အတွက် ယခင်ကထက် ပိုမိုသင့်လျော်ကောင်းမွန်သော နည်းလမ်းကောင်းများ ထွက်ရှိလာမည်ဖြစ်ပါကြောင်း၊လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများ၏ စိတ်ပိုင်းဆိုင်ရာ/ရုပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်များ မြင့်မားအောင်အထောက်အကူဖြစ်စေမည့် မူဝါဒများ၊ စနစ်များ၊ နည်းလမ်းများကို ဖော်ဆောင်ခြင်းအားဖြင့်ဌာန၏ လုပ်ငန်းအောင်မြင်တိုးတက်မှုကို များစွာအထောက်အကူပြုပြီး ခိုင်မာအားကောင်းသည့် အဖွဲ့အစည်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း၊ ဦးစီးဌာန၏ ပင်မလုပ်ငန်းတစ်ခုဖြစ်သည့် ထောက်ပံ့မှုလုပ်ငန်းများနှင့်ပတ်သက်ပြီး ထောက်ပံ့ပစ္စည်းများ ဝယ်ယူခြင်း၊ သိုလှောင်ရုံများတွင်ထိန်းသိမ်းထားရှိခြင်း၊ ဖြန့်ခွဲခြင်းများ စနစ်တကျရှိစေရေးအစီအမံများ ချမှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ဘေးသင့်သူများကို ငွေကြေး၊ ပစ္စည်းများထောက်ပံ့မှုအတွက်လည်း တိကျသည့်မူဝါဒများ၊ စနစ်များ၊ထောက်ပံ့မှုလမ်းညွှန်များချမှတ်ကာ စနစ်တကျဆောင်ရွက်ရန်လိုကြောင်း၊ ပြည်သူများအတွက် ထိရောက်သည့် လက်တွေ့လေ့ကျင့်ဆောင်ရွက်မှုများဖြစ်စေရေး ဇာတ်တိုက်လေ့ကျင့်ခန်း လမ်းညွှန်ထွက်ရှိစေရေး ယခုအလုပ်ရုံဆွေးနွေးပွဲတွင် အစပြုဆောင်ရွက်ခြင်းသည် သဘာဝဘေးအသိပညာပေးလုပ်ငန်းများ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို အားလုံးစုစည်းညီညွတ်စွာဖြင့် ဌာနတိုးတက်အောင်မြင်ရေး တစ်ဦးချင်းစီမှ လုပ်ငန်းတာဝန်များနှင့်အညီ ဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ MDA မိုဘိုင်းအက်ပလီကေးရှင်း ရေးဆွဲဆောင်ရွက်ခဲ့မှုအခြေအနေ၊ အသုံးပြုပုံနှင့်အလုပ်ရုံဆွေးနွေးပွဲတွင် အဖွဲ့အလိုက်ဆွေးနွေးချက်ရလဒ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက ရှင်းလင်းတင်ပြကြရာဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်တို့က ဖြည့်စွက်အကြံပြုဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များအပေါ်ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR