ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

နှစ်စဉ်မေလမှစက်တင်ဘာလအထိကာလများသည် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ သောက်သုံးရေပြတ်လပ်ခြင်းတို့ ကြုံတွေ့ခံစားရလျှက်ရှိသဖြင့်သောက်သုံးရေရှားပါးမှုကြုံတွေ့နေရသောတိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတွင်သောက်သုံးရေသန့်စက်ယာဉ်အကောင်အထည်ဖော်နိုင်ရန် နေပြည်တော်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် သုတေသနယာဉ်အဖြစ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကိုယနေ့နံနက်ပိုင်းတွင်လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ကျင်းပခဲ့ပါသည်။

အစည်းအဝေးသို့အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဉက္ကဋ္ဌ၊ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊လူမှုဝန်ထမ်းဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှတာဝန်ရှိသူများတက်ရောက်ကြပါသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာ စကားပြောကြားရာတွင် နှစ်စဉ်မေလမှစက်တင်ဘာလအထိကာလများသည် အပူချိန်လွန်ကဲခြင်း၊မိုးခေါင်ခြင်း၊သောက်သုံးရေပြတ်လပ်ခြင်းတို့ကြုံတွေ့ခံစားရလေ့ရှိသဖြင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့်နှစ်စဉ်သောက်သုံးရေဖြန့်ဝေခြင်း၊ ရေတွင်း/ ရေကန်ငယ်များတူးဖော်ပြုပြင်ခြင်းတို့ဆောင်ရွက်လျက်ရှိပြီးယခုနှစ်တွင်လည်းရေရှားပါးနိုင်ခြေရှိသောဒေသများစာရင်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊စည်ပင်သာယာရေးအဖွဲ့စသည်တို့နှင့်ချိတ်ဆက်ကောက်ယူ၍ပြန်လည်တင်ပြရန်ညွှန်ကြားထားရှိပါကြောင်း၊ သောက်သုံးရေသန့်စက်ယာဉ်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည်ဆိုပါက သောက်သုံးရေရှားပါးပြတ်လပ်မှုကြုံတွေ့ရသည့်ဒေသများတွင်သောက်သုံးရေသန့်စင်ဖြန့်ဝေထောက်ပံ့နိုင်ခြင်းနှင့် အရေးပေါ်အခြေအနေတွင်သန့်စင်ပြီးသောက်သုံးရေများအသုံးပြုနိုင်ခြင်းအားဖြင့်ပြည်သူများ၏လတ်တလောသောက်သုံးရေအခက်အခဲကိုကျန်းမာရေးနှင့်ညီညွတ်စွာဖြေရှင်းပေးနိုင်မည်ဖြစ်သည့်အတွက် အကျိုးကျေးဇူးများစွာရရှိနိုင်ပြီးအထောက်အကူများစွာရရှိစေမည်ဖြစ်ပါကြောင်း၊ လေ့လာတွေ့ရှိချက်အရအမှတ်(၉၂၀)စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင်စမ်းသပ်တပ်ဆင်ထားသည့်ရွေ့လျားရေသန့်စက်(၃)တန်တင်ယာဉ်၏အရွယ်အစားနှင့်စက်ပစ္စည်းတန်ဖိုးမှာသင့်တင့်ခြင်း ၊ပစ္စည်းများလွယ်ကူစွာတပ်ဆင်/ထိန်းသိမ်းအသုံးပြုနိုင်ခြင်းတို့ကြောင့် "နေပြည်တော်၊မကွေးတိုင်းဒေသကြီးနှင့်ဧရာဝတီတိုင်းဒေသကြီး" တို့တွင်သုတေသနယာဉ်အဖြစ်ထားရှိအသုံးပြုနိုင်ရေးအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်အရ အစီအမံနှင့်ပတ်သက်ပြီးဆွေးနွေးအကြံဉာဏ်ရယူနိုင်ရေးနည်းပညာပိုင်းဆိုင်ရာအကြံပေးမှု၊ယာဉ်ရရှိရေးဆောင်ရွက်နိုင်မှု၊ရေသန့်စက်တပ်ဆင်စမ်းသပ်လည်ပတ်မှု၊ပြုပြင်ထိန်းသိမ်းမှုစသည့်များကို အစည်းအဝေးသို့တက်ရောက်လာကြသည့်တာဝန်ရှိပုဂ္ဂိုလ်များအနေဖြင့်လုပ်ငန်းအတွေ့အကြုံအပေါ်အခြေခံ၍ဆွေးနွေးအကြံပြုပေးစေလိုကြောင်းပြောကြားပါသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးကအမှာစကားပြောကြားရာတွင်စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးမှသုတေသနပြုတည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်၊လျှပ်စစ်နှင့် စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှသုတေသနပြုတည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်၊ တရုတ်နိုင်ငံမှထုတ်လုပ်သည့်ရေသန့်စင်စက်ယာဉ် စသည်ဖြင့် အမျိုးအစား(၃)မျိုးကို သုတေသနပြုလုပ်ထားပြီးဖြစ်၍ အသုံးတည့်မည့် ယာဉ်အမျိုးအစားကို ရွေးချယ်နိုင်ပါကြောင်း၊ စက်မှုအင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှ သုတေသနပြုလုပ်တည်ဆောက်ထားသည့် ရေသန့်စင်စက်ယာဉ်မှာ သဘာဝဘေးအန္တရာယ် ကျရောက်သည့်အချိန်တွင် အသုံးပြုရန်ပိုမိုသင့်လျော်ပါကြောင်း ပြောကြားပါသည်။

ထို့နောက်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးဝင်းရွှေကရွေ့လျားသောက်သုံးရေသန့်စက်တင်ယာဉ်နှင့်စပ်လျဉ်း၍နေပြည်တော်၊အမှတ်(၉၂၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ယန္တရားတပ်ခွဲရှိတရုတ်နိုင်ငံထုတ်ယာဉ်/ ရေသန့်စက်နှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိဂျပန်နိုင်ငံမှလှူဒါန်းသည့်ရွေ့လျားသောက်သုံးရေသန့်စက်တင်ယာဉ်တို့သို့သွားရောက်လေ့လာခဲ့မှုနှင့်တွေ့ရှိချက်များကိုရှင်းလင်းတင်ပြပါသည်။

ဆက်လက်၍ အစည်းအဝေးသို့တက်ရောက်လာကြသည့် ဦးစီးဌာနအသီးသီးမှ  တာဝန်ရှိသူ များနှင့်ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားလှယ်များကကဏ္ဍအလိုက်ဆောင်ရွက်ပေးနိုင်မှုနှင့်အတွေ့အကြုံများကိုဖြည့်စွက်ဆွေးနွေးတင်ပြကြပါသည်။ တင်ပြမှုများအပေါ်အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဒုတိယဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်သက်ခိုင်က နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

“လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ စွမ်းရည်မြှင့်တင်ခြင်းနှင့် အမျိုးသားအဆင့်စံလုပ်ငန်းအစီအစဉ်အသုံးပြုနည်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း လူမှုဝန်ထမ်းဦးစီးဌာန အသိအမှတ်ပြု ခဝဲခြံမျက်မမြင်ကျောင်းနှင့် မေရီချက်(ပ်)မင်းနားမကြားသောကလေးများကျောင်းများသို့ လှည့်လည်ကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

MOS

DSW

DDM

DOR