ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူး ချုပ်များနှင့် တာဝန်ရှိသူများသည် (၁၈-၃-၂၀၂၂)ရက်နေ့၊ နံနက်ပိုင်းတွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၌ ဘင်္ဂလားပင်လယ်အော်အတွင်း လက်ရှိဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း 91 B Invest နှင့်စပ်လျဉ်း၍ စောင့်ကြည့်လေ့လာခြင်း ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန ခေတ္တတာဝန်ခံ ဌာနကြီးမှူး ဦးဝင်းထိန်ကျော်က လေဖိအားနည်းရပ်ဝန်း 91 B Invest နှင့်ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်များအပါအဝင် နိုင်ငံတကာမိုးလေဝသ Website များက လေ့လာတွေ့ရှိချက်များအရ မုန်တိုင်းဖြစ်ပေါ်နိုင်မည့် အခြေအနေ၊ မိုးရရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးက  လေဖိအားနည်းရပ်ဝန်းမှတဆင့် အားကောင်းလာနိုင်သည့် မုန်တိုင်းနှင့်ပတ်သက်၍ ပြည်သူများထံသို့ သတင်းအမှန်များ ရောက်ရှိနိုင်ရေး သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြပ်ကြည့်ရှုရေး၊ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများအတွက်ထိရောက်သော သတင်းအချက်အလက်များ ရရှိစေရေးအတွက် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနအနေဖြင့် အမြဲအသင့် ရှိနေရမည်ဖြစ်ပါကြောင်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၌လည်း ထိရောက်မှန်ကန်သော သတင်း အချက်အလက်များရရှိရေးမှာ လွန်စွာအရေးကြီးပါကြောင်း၊   လိုအပ်ပါက သတင်းအချက်အလက်များ မျှဝေပေးနိုင်ရေး၊ လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေးအတွက် လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သတ်၍ Pilot Volunteer Programmed  ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာကိုကိုနိုင်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီး ဌာန၏လုပ်ငန်းများသည် ပြည်သူလူထုနှင့် အမြဲထိတွေ့ဆက်ဆံရသည့်လုပ်ငန်းများဖြစ်ပြီး လူမှုရေးဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်လျှက်ရှိကြောင်း၊ သို့ဖြစ်ရာ စေတနာ့ထမ်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းများအရ စေတနာ့ဝန်ထမ်းများနှင့်လည်း တိုက်ရိုက်သက်ဆိုင်ပါကြောင်း၊ ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာနများအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် စေတနာ့ဝန်ထမ်းများ စနစ်တကျစုဖွဲ့၍ ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေး ရှေ့ပြေးလုပ်ငန်းအစီအစဉ်များ ဖော်ဆောင်ရန်လိုအပ်ပါကြောင်း၊ စေတနာ့ဝန်ထမ်း များတွင်လည်း ပုံမှန်လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်သည့် စေတနာ့ဝန်ထမ်းများအပြင် ၎င်းတို့၏ ကျွမ်းကျင်မှုနယ်ပယ်မှုအလိုက် ပူးပေါင်းဆောင်ရွက်နိုင်သည့် စေတနာ့ဝန်ထမ်းများ လည်းရှိကြောင်း၊ စေတနာ့ဝန်ထမ်းများ၏ အခန်းကဏ္ဍကို အသိအမှတ်ပြုရန်လိုအပ်ပြီး ဝန်ကြီးဌာနမှဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်စုဖွဲ့၍ လုပ်ငန်းများပူးပေါင်း ဆောင်ရွက်မည့်အစီအစဉ်ကို အကောင်းဆုံးဖြစ်စေရေး ဦးစီးဌာနများအနေဖြင့် စနစ်တကျဖြင့် ဆွေးနွေးညှိနှိုင်း ဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားပါသည်။

ဆက်လက်၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့မှဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းအစီအစဉ်များကို အသီးသီးဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများကဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်းနှင့်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဆောင်ရွက်မည့် စေတနာ့ဝန်ထမ်းအစီအစဉ်များအတွက် ဝန်ကြီးဌာန၏ Web Page မှတစ်ဆင့် လျှောက်ထား ဆောင်ရွက်ခြင်းနည်းလမ်းဖြင့် ခေါ်ယူသွားမည်ဖြစ်ပြီး သက်ဆက်ရာကဏ္ဍများအလိုက်၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကျိုက်ဝိုင်းလူငယ်သင်တန်းကျောင်းနှင့်မသန်စွမ်းသက်ကြီးသင်တန်းကျောင်းများသို့ ကြည့်ရှုစစ်ဆေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်းဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့်သိုလှောင်ရုံထိန်းသိမ်းခြင်းသင်တန်းအမှတ်စဉ်(၁/၂၀၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA) ၏မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ်ဖြစ်သူ Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကန်ကြီးထောင့်မူလတန်းကြိုကျောင်းဖွင့်ပွဲ အခမ်းအနားကျင်းပခြင်းနှင့် ပုသိမ်ကလေးပြုစုရေးဌာန၊အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ကြည့်ရှုစစ်ဆေးခြင်း
ဧရာဝတီတိုင်းဒေသကြီးအတွင်းသက်ကြီးပုဂ္ဂိုလ်များအတွက် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောအသက်(၂)နှစ်အောက် ကလေးသူငယ်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခြင်းနှင့် ညောင်တုန်းမြို့နယ်၊ကုက္ကိုဝကျေးရွာအုပ်စု၊ကုက္ကိုဝကျေးရွာ၌ ဘိုးပိုင်အခြေပြုကျောက်စီတမံတည်ဆောက်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေအားကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ် ၂ လမ်းမကြီးအနီးအင်ဂျင်နီယာဌာန(လမ်းနှင့်တံတား) သိုလှောင်ရုံဌာနခွဲ(ရွာသာကြီး) မြေကွက်လပ်နေရာရှိသိုလှောင်ရုံဆောက်လုပ်ရန်နေရာသို့ ကွင်းဆင်းကြည့်ရှု
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာသန်းစိုး၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပနေမှုအားကြည့်ရှုအားပေး

MOS

DSW

DDM

DOR