ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့တွင် (၂.၁၁.၂၀၂၂) ရက်နေ့မှ (၃.၁၁.၂၀၂၂) ရက်နေ့အထိကျင်းပပြုလုပ်သည့် 2022 ASEAN-ICT Forum on Child Online Protection သို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကိုယ်စား လူမှုဝန်ထမ်းဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါ်ခင်မေနုနှင့်ကိုယ်စားလှယ်(၁) ဦးပါဝင်တက်ရောက်ခဲ့ပါသည်။

အဆိုပါဖိုရမ်သို့ အာဆီယံနိုင်ငံများမှ ASEAN Senior Officials Meeting on Social Welfare and Development (SOMSWD) နှင့် The ASEAN Commission on the Promotion and Protection of the Rights of Women and Children (ACWC) ဆိုင်ရာကိုယ်စားလှယ်များ၊ UNICEF East Asia and the Pacific Regional Office မှတာဝန်ရှိသူများ၊ တက္ကသိုလ်များမှပညာရှင်များ၊ဒေသတွင်းနှင့်နိုင်ငံတကာမှ IT ပညာရှင်များ၊ နည်းပညာအသုံးပြုသည့်ကုမ္ပဏီများမှ တာဝန်ရှိသူများက In-person နှင့် Online တို့ဖြင့်ပါဝင်တက်ရောက်ကြပါသည်။

ဖိုရမ်တွင်ဖိလစ်ပိုင်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများမှ Child Online Protection ဆိုင်ရာဆောင်ရွက်မှုအတွေ့အကြုံများ၊ UNICEF မှတာဝန်ရှိသူများကကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာစံနှုန်းများ၊စီမံချက်များ၊ တက္ကသိုလ်များမှပညာရှင်များ၊ဒေသတွင်းနှင့်နိုင်ငံတကာမှ IT ပညာရှင်များ၊ နည်းပညာအသုံးပြုသည့် ကုမ္ပဏီများမှတာဝန်ရှိသူများက Child Online Protectionနှင့်ပတ်သက်၍ကျင့်သုံးနေသည့်မူဝါဒများ၊ လုပ်ငန်းစဉ်များအားရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

2022 ASEAN-ICT Forum on Child Online Protection သို့ပါဝင်တက်ရောက်ခြင်းဖြင့် Child Online Protection ဆိုင်ရာအာဆီယံနိုင်ငံများမှဆောင်ရွက်နေမှုများ၊ ကလေးသူငယ်များ Online အသုံးပြုရာတွင်ရရှိနိုင်သည့်ဆိုးကျိုးများနှင့် Online အသုံးပြု၍ကလေးသူငယ်များကိုကာကွယ်စောင့်ရှောက်မှုအစီအစဉ်များကိုလေ့လာသိရှိခြင်း၊ နိုင်ငံအတွင်းလိုက်နာကျင့်သုံးခြင်းဖြင့် Online အသုံးပြု၍ ကလေးသူငယ်များအပေါ်အလွဲသုံးခြင်းများမှ ကလေးသူငယ်များအားကာကွယ်စောင့်ရှောက်နိုင်ခြင်းစသည့်အကျိုးကျေးဇူးများရရှိမည်ဖြစ်ပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR