ပြည်ထောင်စုဝန်ကြီး/ဒုတိယဝန်ကြီး သတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဦးစိုးကြည်သည်၁၈-၈-၂၀၂၄ရက်နေ့နံနက်ပိုင်းတွင်အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများလိုက်ပါလျက်ပြည်ထောင်စုနယ်မြေနေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဗလသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိရပ်ကွက်တို့ရှိအရာထမ်း၊ အမှုထမ်းအိမ်ရာများနှင့်အဆောင်များသို့သွားရောက်ကြည့်ရှုစစ်ဆေးပါသည်။

ဒုတိယဝန်ကြီးကဝန်ထမ်းအိမ်ရာနှင့်အဆောင်များတွင်မသက်ဆိုင်သူများဝင်ရောက်နေထိုင်မှုမရှိစေရေးစိစစ်ကြပ်မတ်ရန်၊ဝန်ထမ်းအိမ်ရာနှင့်အဆောင်နေထိုင်သူများအနေဖြင့်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ရန်၊တိုက်နံရံနှင့်ခေါင်မိုးများပေါ်တွင်ပေါက်နေသောအပင်များကိုရှင်းလင်းသွားရန်၊မိမိအိမ်ရာ၏ အလှအပကိုပေါ်လွင်စေရန်၊ သန့်ရှင်းသပ်ယပ်ပြီးနေချင်စဖွယ်ဖြစ်စေရန်နှင့် ခြင်အန္တရာယ်ကင်းဝေးစေရန်အတွက် အုပ်ဆိုင်းနေသောအပင်များအားအလင်းဖွင့်ခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းစေရန် ဆောင်ရွက်ခြင်းများပူးပေါင်းဆောင်ရွက်ကြရန်၊ဝန်ထမ်းအိမ်ရာများတွင်အဆင့်အတန်းမြင့်မြင့်သန့်ရှင်းသပ်ရပ်စွာနေထိုင်နိုင်ရေးအတွက် အိမ်ရာသန့်ရှင်းရေးအားပူးပေါင်းဆောင်ရွက်ကြရန်၊စုပေါင်းအိမ်ရာများအနီးပတ်ဝန်းကျင်ရှိအချို့နေရာများတွင်မိုးတွင်းကာလ၌မြက်များစိုက်ပျိုးရန်၊မီးဘေးအန္တရာယ်မဖြစ်ပွားစေရေးအထူးအလေးထားနေထိုင်ကြရန်နှင့်ရေကိုအကျိုးရှိရှိချွေတာသုံးစွဲကြရန်၊နေပြည်တော်စည်ပင်သာယာရေးကော်မတီမှသတ်မှတ်ထားသောအိမ်ရာစည်းကမ်းများအတိုင်းလိုက်နာနေထိုင်ကြရန်နှင့်ဝန်ထမ်းအချင်းချင်းစည်းလုံးညီညွတ်စွာဖြင့်လုံခြုံရေးအသိလုံခြုံရေးသတိရှိရှိနေထိုင်သွားကြရန်တို့ကိုတာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။

ဆက်လက်၍ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည်အိမ်ရာကြီးကြပ်သူတိုက်တာဝန်ခံများ၊နေထိုင်သူဝန်ထမ်းများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီးအိမ်ရာအလိုက်ဝန်ထမ်းမိသားစုများ၏တင်ပြချက်များအပေါ်လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးရသတင်းများ

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပြွန်တန်ဆာမူလတန်းကြိုကျောင်းသစ်ဖွင့်ပွဲနှင့်ဘိုးဘွားရိပ်သာများအားထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့ (UNFPA)၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Jaime Nadal Roig အားလက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်သည်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြန်လည်ထူထောင်ရေးဦးစီးဌာနများမှ စခန်း/ဂေဟာများသို့ သွားရောက်တွေ့ဆုံအားပေး
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးဒေါက်တာသန့်ဇော်လွင်ပဲခူးတိုင်းဒေသကြီးတွင်ဖွင့်လှစ်သည့်မသန်စွမ်းမှုအဆင့်သတ်မှတ်ခြင်းနှင့်မသန်စွမ်းသူများမှတ်ပုံတင်ခြင်းသင်တန်း၌အမှာစကားပြောကြားကာမသန်စွမ်းထောက်ပံ့ကြေးများပေးအပ်ခြင်း
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးချုပ် (UNOCHA) မှ ယာယီလက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေးမှူး (ASG/ DERC a.i) Mr. Indrika Ratwatte ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဒေါက်တာစိုးဝင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲ Mr. Justin Bradyဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

MOS

DSW

DDM

DOR